ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
၂၀၁၈ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာက ကမ္ဘာ့နိုင်ငံများ၌ နိုင်ငံသားများ၏ ကျန်းမာချမ်းသာမှုကို ပံ့ပိုးပေးသည့် အဓိကအကြောင်းရာ ၆ ခုဖြစ်သော ဝင်ငွေ၊ လွတ်လပ်မှု၊ ယုံကြည်မှု၊ ကျန်းမာသောဘဝမျှော်လင့်ပုံ၊ လူမှုရေးပံ့ပိုးမှုနှင့် ပေးကမ်းစွန့်ကြဲတတ်ခြင်း(ရက်ရောမှု) တို့အပေါ်မူတည်၍ ၎င်းနိုင်ငံများအား အဆင့်သတ်မှတ်လိုက်ပြီဖြစ်သည်။
ထို ၂၀၁၈ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာအရ ပျော်ရွှင်မှုနှင့်ပတ်သက်၍ အရှေ့တောင်အာရှဒေသ၏ ထိပ်တန်းနိုင်ငံမှာ စင်္ကာပူဖြစ်ဆဲဖြစ်ကြောင်း သိရသည်။
ဒုတိယအပျော်ရွှင်ဆုံးနိုင်ငံမှာ မလေးရှားဖြစ်လာကာ ထိုင်းက တတိယအဖြစ် ဖော်ပြခံခဲ့ရသည်။ ထိုင်းသည် ပြီးခဲ့သည့်နှစ် စာရင်းများတွင် အရှေ့တောင်အာရှ၏ ဒုတိယနေရာကို ရရှိခဲ့ရာမှ ယခုနှစ်စာရင်းတွင် တတိယနေရာသို့ လျှောကျခဲ့ခြင်းဖြစ်သည်။
ထိုင်းသည် ကမ္ဘာ့အတိုင်းအတာအားဖြင့် နိုင်ငံပေါင်း ၁၅၆ နိုင်ငံတွင်လည်း ၂၀၁၇ ခုနှစ်က ပျော်ရွှင်မှုညွှန်းကိန်း ၆ ဒသမ ၄၂၄ ဖြင့် နံပါတ် ၃၂ တွင် ရပ်တည်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ပျော်ရွှင်မှုညွှန်းကိန်း ၆ ဒသမ ၀၇၂ ဖြင့် အဆင့် ၄၆ သို့ ကျဆင်းခဲ့သည်။
မြန်မာနိုင်ငံမှာမူ အရှေ့တောင်အာရှ၏ မပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ထိုစာရင်း၏ လေ့လာမှုတွင် ယခင်နှစ်စာရင်းများကဲ့သို့ပင် ဘရူနိုင်း မပါဝင်ခဲ့ဘဲ အာဆီယံ ၉ နိုင်ငံသာ ပါဝင်ခဲ့ပါသည်။
ကမ္ဘာ့အဆင့်တွင်မူ ၎င်းအာဆီယံ ၉ နိုင်ငံတို့၏ အဆင့်များမှာ စင်္ကာပူ (၃၄)၊ မလေးရှား (၃၅) ထိုင်း (၄၆)၊ ဖိလစ်ပိုင် (၇၁)၊ ဗီယက်နမ် (၉၅)၊ အင်ဒိုနီးရှား (၉၆)၊ လာအို (၁၁၀)၊
၂၀၁၈ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာတွင် ဖော်ပြချက်အရ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ -
၁။ ဖင်လန် (၇ ဒသမ ၆၃၂) ၂။ နော်ဝေ (၇ ဒသမ ၅၉၄) ၃။ ဒိန်းမတ် (၇ ဒသမ ၅၅၅) ၄။ အိုက်စ်လန် (၇ ဒသမ ၄၉၅) ၅။ ဆွစ်ဇာလန် (၇ ဒသမ ၄၈၇) ၆။ နယ်သာလန် (၇ ဒသမ ၄၄၁) ၇။ ကနေဒါ (၇ ဒသမ ၃၂၈) ၈။ နယူးဇီလန် (၇ ဒသမ ၃၂၄) ၉။ ဆွီဒင် (၇ ဒသမ ၃၁၄) ၁၀။ သြစတြေးလျ (၇ ဒသမ ၂၇၂) တို့ဖြစ်ကြောင်းလည်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com