ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
သမဝါယမဦးစီးဌာနက စီမံခန့်ခွဲနေသော ပြည်သူပိုင်အခန်းများ ငှားရမ်းရရှိငွေသည် ကာ လပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက တစ်နှစ်လျှင် ကျပ်သန်း ၅၀၀ ကျော် နစ်နာနေကြောင်း ရန်ကုန် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။
လက်ရှိသမဝါယမဦးစီးဌာန က ငှားရမ်းထားသော ပြည်သူပိုင် အခန်း ၃၄ ခန်းရှိ၍ ပုဂ္ဂလိကနှင့် သမဝါယမအသင်းများသို့ ငှားရမ်းထားပြီး ခန့်မှန်းကာလပေါက် ဈေးနှင့် နှိုင်းယှဉ်စိစစ်ရာ လစဉ် ကျပ် ၄၄ သန်း၊ တစ်နှစ်လျှင် ကျပ်သန်း ၅၀၀ ကျော် နစ်နာနေ ကြောင်း ရန်ကုန်တိုင်းစာရင်းစစ် ချုပ် ဒေါ်ခင်သန်းလှက ပြော သည်။
စက်တင်ဘာ ၁၄ ရက်က ပြု လုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်သို့ ရန်ကုန်တိုင်းစာရင်းစစ် ချုပ်က ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ တင်ပြရာ၌ ထိုသို့ပြောကြားခြင်း ဖြစ်သည်။
‘‘ဒီလိုနစ်နာနေတဲ့အတွက် နိုင်ငံတော်ရငွေတွေ ပြည့်ဝမှန်ကန်စွာ ရရှိရေးအတွက် ပြန်လည် စိစစ်ရန် လိုအပ်တယ်’’ ဟု ဒေါ် ခင်သန်းလှက ပြောသည်။
သမဝါယမဦးစီးဌာနက စီမံ ခန့်ခွဲနေသော ပြည်သူပိုင်အခန်း ၁၁၆ ခန်းရှိသည့်အနက် လက်ရှိ အသုံးပြုနေသည့် အခန်း ၃၄ ခန်း၊ သော့ပိတ်ထားမှု ၆၉ ခန်းနှင့် အန္တရာယ်ရှိအဆောက်အအုံအ ဖြစ် သတ်မှတ်ထားသော အခန်း ၁၃ ခန်းရှိကြောင်း အစီရင်ခံစာ တွင် ဖော်ပြသည်။
အဆိုပါပိတ်ထားသည့်ပြည် သူပိုင်အခန်းများကို စနစ်တကျစီ မံခန့်ခွဲ၍ ရန်ကုန်တိုင်း၏ ဝင်ငွေ တိုးတက်ရေးအတွက် အသုံးပြုသင့်သော အခန်းများကို အသုံးပြု ရန် အစီအစဉ်ရှိ၊ မရှိ ပြီးခဲ့သည့် နှစ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် တိုင်းလွှတ်တော် အမတ်ဒေါ်ကြည်ပြာက မေးမြန်းခဲ့သည်။
‘‘သမဝါယမအခန်းတွေဆို တာက လခကထောင်ဂဏန်းပဲရှိ ပါတယ်။ လခနည်းနည်းလေး သွင်းပြီး ငှားရမ်းလုပ်ကိုင်နေတဲ့ သမဝါယမ အခန်းတွေက တကယ်ပဲ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာလား၊ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းတွေလုပ်နေတာလား၊ ဒါမှမဟုတ် အခန်းတွေ ကို ထပ်ဆင့်ငှားစားနေတာလား၊ ဒါတွေကို စနစ်တကျစိစစ်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာငွေမှန်မှန် ကန်ကန်ရရှိဖို့ လိုအပ်တဲ့အတွက် မေးတာပါ’’ ဟု ဒေါ်ကြည်ပြာက ပြောသည်။
၎င်း၏မေးခွန်းနှင့်ပတ်သက် ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန် ထွန်းက သမဝါယမဦးစီးဌာနက စီမံခန့်ခွဲနေသော ပြည်သူပိုင်အခန်းများမှ ရရှိသည့် နိုင်ငံတော်ဝင် ငွေ ကွာခြားနေခြင်းကို ပြန်လည် စိစစ်ဆောင်ရွက်မည်ဟု ဖြေကြား သည်။
Credit: 7Daydaily