ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းလက်အောက်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း(ရန်ကုန်)မှာ (၃၀x၉၀)ပေ (၆)ခန်းတွဲ၊ (၂)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ဖို့အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းဖို့ ဖိတ်ခေါ်နေပါတယ်။
အိတ်ဖွင့်တင်ဒါပေးသွင်းလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တင်ဒါအဆိုပြုလွှာနဲ့ တင်ဒါ စည်းကမ်းချက်တွေကို (၉-၉-၂၀၁၈)ရက်ကစပြီး ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှာ ဝယ်ယူနိုင်ပြီး (၂၅-၉-၂၀၁၈)ရက် ညနေ (၄း၃၀)နာရီ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးကို ပြန်တင်သွင်းရမှာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ တင်ဒါအဆိုပြုလွှာနဲ့အတူ ကုမ္ပဏီမှတ်ပုံတင် မိတ္တူနဲ့ ကုမ္ပဏီပရိုဖိုင်ကို တင်ပြရမှာဖြစ်ပြီး အသေးစိတ်သိလိုပါက ဖုန်း (၀၁-၉၃၁၇၀၇၀ / ၀၁-၉၃၁၇၁၂၆)၊ အမှတ် (၁၃၂)၊ ပန်းပင်ကြီးလမ်း၊ ကြည့်မြင်တိုင်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Credit: The Modern