စင်္ကာပူ၏ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော CapitaLand က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသည့် လူနေစီမံကိန်းမြေနေရာကို ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် ဝယ်ယူ

စင်္ကာပူ၏ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော CapitaLand က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသည့် လူနေစီမံကိန်းမြေနေရာကို ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
14 Sep 2018 12:07 pm တွင် တင်ခဲ့သည်
874 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူ၏ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော CapitaLand သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် စတုရန်းမီတာ ၆၀၀၀၀ (စတုရန်းပေ ၆၄၅၈၃၄) ကျယ်ဝန်းသည့် လူနေစီမံကိန်းမြေနေရာကို ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် ဝယ်ယူလိုက်သည်။

ယခုဝယ်ယူမှုမှာ ဗီယက်နမ်တွင် တစ်လအတွင်း တတိယအကြိမ်မြောက် ဝယ်ယူလိုက်မှုလည်း ဖြစ်သည်။

စီမံကိန်းမြေနေရာ တည်ရှိရာမှာ ဟိုချီမင်းမြို့တော်တွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးလာနေသည့်ဒေသများမှတစ်ခုဖြစ်သော ခရိုင်-၂ တွင်တည်ရှိသည်။

ယခုစီမံကိန်းသည် CapitaLand အတွက် ဗီယက်နမ်တွင် ၁၃ ခုမြောက် လူနေစီမံကိန်းလည်းပြီး လုံးချင်းအိမ်ပေါင်း ၁၀၀ ကျော် ဆောက်လုပ်ရန်ရည်မှန်းထားကာ လာမည့် ၂၀၂၁ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။

ဗီယက်နမ်တွင် လူကြိုက်များသည့်နေရာတစ်ခု ထပ်မံဝယ်ယူနိုင်ခဲ့ခြင်းအတွက် များစွာဝမ်းမြောက်မိကြောင်း CapitaLand ၏ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ် လင်မင်ယန်က ပြောကြားသည်။

CapitaLand သည် ဗီယက်နမ်တွင် နှစ်စဉ် ရောင်းအားမြင့်တက်မှုများရရှိနေပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၃၀ ရက် အချက်အလက်များအရ ဗီယက်နမ်တွင် ဈေးကွက်တင်ထားသော လူနေခန်းစုစုပေါင်း၏ ၉၃ ရာခိုင်နှုန်း ရောင်းထွက်ခဲ့ ပြီးဖြစ်သည်ဟု ဆိုသည်။

“ဗီယက်နမ်မှာ ၂၀၁၈ ခုနှစ် ဒုတိယ ၆ လပတ်ကာလအတွင်း ရောင်းထွက်ခဲ့ပြီးဖြစ်တဲ့ လူနေခန်းပေါင်း ၂၆၈၀ အနက် ၃၀ ရာခိုင်နှုန်းကျော်ကို ဝယ်လက်တွေထံ အပ်နှံသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု လင်မင်ယန်က ဆက်လက်ပြောကြားသည်။

CapitaLand ၏ ဗီယက်နမ်ကုမ္ပဏီခွဲဖြစ်သော D2eight ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ချန်းလျန်ပန်၏ ပြောကြားချက်အရ ကုမ္ပဏီ၏ ပထမဆုံးဗီယက်နမ်လုံးချင်းအိမ်ရာ စီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ရောင်းချခဲ့ရာ တစ်ရက်အတွင်း ရောင်းထွက်သွား ကြောင်း ပြောကြားသည်။

“CapitaLand ရဲ့ စီမံကိန်းတွေအပေါ် ယုံကြည်မှုရှိကြောင်းနဲ့ အိမ်ခြံမြေဈေးကွက်မှာ အရည်အသွေးမြင့်လုံးချင်းအိမ်ရာတွေ ဝယ်လိုအားမြင့်တက်နေတယ်ဆိုတာ ဒီအချက်က ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟုလည်း ချန်းလျန်ပန်က ဆက်လက်ပြောကြားသည်။

ဗီယက်နမ်သည် CapitaLand အတွက် စင်္ကာပူနှင့် မလေးရှားပြီးလျှင် တတိယအကြီးမားဆုံးဈေးကွက်ဖြစ်နေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

Pan Swal Taw
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service