ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
စက်မှုဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနပိုင် မြေနေရာ (၀.၃၅၉)ဧကမှာ ရှော့ပင်းမောလ်၊ ရုံးခန်းတွေနဲ့ ဟိုတယ်ဖွင့်လှစ်နိုင်မယ့် အဆောက်အအုံတွေ တည်ဆောက်ရေးကို ဘီအိုတီစနစ်နဲ့ ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဌာနဘက်က ကာလပေါက်ဈေးနဲ့ တွက်ချက်ထားတဲ့ မြေတန်ဖိုးနဲ့ လုပ်ငန်းရှင်ဘက်က ကျခံမယ့် အဆောက်အအုံနဲ့ အထွေထွေကုန်ကျစရိတ်တွေကို စိစစ်ပြီး အကျိုးအမြတ်သတ်မှတ်မှာဖြစ်တာကြောင့် စိတ်ဝင်စားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ ဆက်သွယ်နိုင်ဖို့ EOI ဖိတ်ခေါ် နေပါတယ်။
တည်နေရာမှာ အမှတ်(၁၃၉/ဃ)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဈေးကြီးလမ်းထောင့်၊ မြို့မရပ်ကွက်၊ မြစ်ကြီးနားမြို့မှာဖြစ်ပြီး လျှောက်လွှာတွေကို ၆-၉-၂၀၁၈ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
လျှောက်လွှာပိတ်မယ့်အချိန်က ၅-၁၀-၂၀၁၈၊ (၂း၃၀)နာရီဖြစ်ပြီး လျှောက်လွှာပေးသွင်းရမယ့်နေရာမှာ ဥက္ကဋ္ဌ၊တင်ဒါလက်ခံရေးနဲ့ စိစစ်ရေးကော်မတီ၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်မှာ ဖြစ်ပါတယ်။
Credit: The Kumudra