ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့(၁၄)ရပ်ကွက်၊ ဥမ္မာဒန္တီအငှားအိမ်ရာစီမံကိန်းရှိ (၄)ခန်းတွဲ (၅)ထပ်ရှိ အခန်း(၃)ခန်းနဲ့ (၈)ခန်းတွဲ (၄)ထပ်ရှိ အခန်း(၃၂)ခန်း စုစုပေါင်း (၃၅)ခန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်ရေး အခက်အခဲရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ အများပြည်သူတွေကို မဲနှိုက်ရောင်းချမှာဖြစ်တာကြောင့် လျှောက်ထားသူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း ယူဆောင်ပြီး ကိုယ်တိုင်လာရောက်မဲနှိုက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
၂၄-၉-၂၀၁၈ တနင်္လာနေ့ မနက် (၉း၀၀)နာရီမှာ နိုင်ငံ့ဝန်ထမ်းလျှောက်ထားသူ (၄၁၀)ဦး၊ ၂၄-၉-၂၀၁၈ မွန်းလွဲ (၂း၀၀)နာရီမှာ အငြိမ်းစားလျှောက်ထားသူ (၁၀၀)ဦးနဲ့ ၂၅-၉-၂၀၁၈ အင်္ဂါနေ့ မနက် (၉း၀၀)နာရီမှ အများပြည်သူ (၅၁၃)ဦးတို့ကို ကိုးသိန်းမိုးလုံလေလုံ အားကစားရုံ၊ မဟာဗန္ဓုလလမ်း၊ ပုသိမ်မြို့မှာ မဲနှိုက်ပေးမှာ ဖြစ်ပါတယ်။
လျှောက်ထားသူတွေအနေနဲ့ ကိုယ်တိုင်တက်ရောက်မဲနှိုက်ခြင်းမရှိရင် ပယ်မဲသတ်မှတ်မှာဖြစ်ကြောင်း သတိပြုရန်နဲ့ အသေးစိတ်စည်းကမ်းချက်တွေ သိလိုပါက မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ ပြည်တော်သာ ဖုန်း (၀၄၂-၂၃၇၇၄)ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အငှားအိမ်ရာ စိစစ်ချထားရေးကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီးက သိရပါတယ်။
Credit: The Kumudra