ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ပြီးခဲ့သော ဇူလိုင်လဆန်းပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ဗြိတိန်သို့ သမိုင်းဝင် အလည်အပတ်ခရီးစဉ်ထွက်ခဲ့သည်။ ဗြိတိန်သို့ရောက်ရှိချိန်တွင် တစ်နိုင်ငံလုံးအနှံ့ ဒေါ်နယ် ထရမ့်ကို မကြိုဆိုကြောင်း ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ရဲ တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀၀ ကျော်က လုံခြုံရေးရယူ ပေးခဲ့ရသည်။
ဒေါ်နယ်ထရမ့်သည် ဗြိတိန် ခရီးစဉ်တွင် ၀န်ကြီးချုပ် ထရီဆာမေ၏ ကျေးလက်စံအိမ်သို့ အလည် အပတ်သွား ရောက်ကာ အလုပ်သဘော နေ့လယ်စာ စားပွဲလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဗြိတိန်ဝန်ကြီးချုပ်၏ ကျေးလက် စံအိမ်မှာ ဗြိတိန်၏အရှေ့တောင်ပိုင်း၊ လန်ဒန်မြို့တော်၏ အနောက် ဘက်တွင် တည်ရှိသည့် ဘက်ကင်ဟမ်ရှိုင်းယား အရပ်တွင် တည်ရှိသည်။
ဗြိတိန်ဝန်ကြီးချုပ်တို့၏ ကျေးလက်စံအိမ်ကြီးနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများ-
ဒေါ်နယ်ထရမ့်ရောက်ရှိနေစဉ် အကာအကွယ်ပေး ရန် တာဝန်ယူခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀၀ ကျော် ယာယီနေထိုင်ခဲ့ရာ နေရာဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်အဆက်ဆက်သည် ၁၉၂၁ ခုနှစ်မှစတင်ပြီး ယခုစံအိမ်ကြီးကို ၀န်ကြီးချုပ်၏ ကျေးလက် စံအိမ် အဖြစ် အသုံးပြုခဲ့ကြသည်။ ၁၆ ရာစုနှစ်က ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ကြီးဖြစ်ပြီး ၁၉၁၇ ခုနှစ်တွင် Chequers Estate Act ဥပဒေ အရ ဗြိတိန်ဝန်ကြီးချုပ်တို့၏ ကျေးလက်စံအိမ်အဖြစ် အသုံးပြုရန် ဆာအာသာလီနှင့် ဇနီးဖြစ်သူ ရုသ်တို့က သေတမ်းစာဖြင့် နိုင်ငံတော်သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ကျေးလက်စံအိမ်အဖြစ် ပထမဆုံးစတင်အသုံးပြုခဲ့ သည့် ဗြိတိန်ဝန်ကြီးချုပ်မှာ ဒေးဗစ်လွိုက်ဂျော့ခ်ျ (၀န်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သည့်အချိန်- ၁၉၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်မှ ၁၉၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်အထိ) ဖြစ်သည်။
- ပုံတွင်တွေ့ရသည်မှာ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၀ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်(ဟောင်း) ဒေးဗစ်ကင်မရွန်က ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကို CHEQUERS စံအိမ်ကြီး၏ တံခါးပေါက်မှ စောင့် ဆိုင်းနေပုံ ဖြစ်သည်။
ယခုစံအိမ်ကြီးကို အင်္ဂလန်၏ အဆင့်-၁ သမိုင်းဝင်အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံထားရ သည်။ သမိုင်းဝင်အမွေအနှစ်အဖြစ် စာရင်းတင်သွင်းခံရသည့်နေရာများ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာလျှင် အဆင့်-၁ သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည်။
ဗြိတိန်ဝန်ကြီးချုပ်တို့၏ လန်ဒန်စံအိမ်တော်ဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်းမှ အနောက်မြောက် ဘက် မိုင် ၄၀ အကွာတွင် တည်ရှိပြီး ခြံမြေအကျယ်အ၀န်း ဧကပေါင်း ၁၀၀၀ ကျော်ရှိသည်။
အချို့သော ဗြိတိန်ဝန်ကြီးချုပ်များဆိုလျှင် ဒေါင်းနင်းလမ်းစံအိမ်ထက်ပင် ပိုမိုနှစ်သက်ကြသည်ဟု ဆိုသည်။ ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာကဆိုလျှင် ဤစံအိမ်ကြီးကို ရောက်ရှိနေထိုင်ပြီးလျှင် နှစ်သက် မြတ်နိုးမှု မရှိသူဟူ၍ မရှိနိုင်ကြောင်း ရေးသားခဲ့ဖူးသည်။
- အပေါ်ပုံတွင် တွေ့ရပုံမှာ ၁၉၃၃ ခုနှစ်အတွင်း အဆိုပါစံအိမ်ကြီးရှေ့တွင် ၀န်ကြီးချုပ် မာဂရက်သက်ချာ အား တွေ့ရပုံဖြစ်သည်။
- ပုံတွင် တွေ့ရသည်မှာ ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲက အမေရိကန် သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ်အား လက်ခံကြိုဆိုနေပုံ ဖြစ်သည်။ အမေရိကန်မှ နာမည်ကျော် CAMP DAVID ကဲ့သို့ပင် ဤစံအိမ်ကြီးတွင် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင် များကို လက်ခံတွေ့ဆုံခဲ့ဖူးကြသည်။
- ဗြိတိန်ဝန်ကြီးချုပ် ဟာရိုး မက်မီလန်နှင့် အမေရိကန်သမ္မတ ဒွိုက်ထ် အိုက်ဆင်ဟောင်ဝါတို့ကို ၁၉၅၉ ခုနှစ်အတွင်း CHEQUERS စံအိမ်ကြီးအတွင်း လမ်းလျှောက်နေကြသည်ကို တွေ့ရပုံဖြစ်ပါတယ်။
- ၁၉၆၉ ခုနှစ်အတွင်း အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဟာရိုး ၀ီလ်ဆင်တို့ CHEQUERS စံအိမ်ကြီးတွင် တွေ့ဆုံခဲ့ကြပုံပဲ ဖြစ်ပါတယ်။
- ဖော်ပြထားသောပုံမှာ ၂၀၀၂ ခုနှစ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲက အိနိ္ဒယ၀န်ကြီးချုပ် ဘာ့ဂ်ျပါယီးကို CHEQUERS စံအိမ်ကြီးတွင် လက်ခံတွေ့ဆုံခဲ့ပုံဖြစ်ပါတယ်။
- ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် မကြာသေးမီကာလအတွင်း အစိုးရအဖွဲ့၏ အစည်းအဝေးများစွာ ကို အဆိုပါစံအိမ်ကြီးတွင် ကျင်းပခဲ့သည်။
- ၂၀၁၀ ပြည့်နှစ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနှင့် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့ CHEQUERS စံအိမ်ကြီး၏ ပန်းဥယျာဉ်အတွင်း လမ်းလျှောက်ရင်း ဆွေးနွေးနေကြပုံဖြစ်ပါတယ်။ ။
ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com