ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကိုရီးယား - မြန်မာချစ်ကြည်ရေးအဖြစ်တည် ဆောက်မည့် ရန်ကုန်-ဒလတံတားစီမံကိန်းတွင်တံတားဒီဇိုင်း တိုးမြှင့် ပြောင်းလဲမှုကြောင့် ကိုရီးယားထံမှ ဒေါ်လာသန်း ၂၀ ထပ် မံချေးယူရန်ညှိနှိုင်းနေကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းကပြောကြားသည်။
တံတားစီမံကိန်းအကောင် အထည်ဖော်ရန်နှောင့်နှေးကြန့် ကြာမှုနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများစ တင်နိုင်မည်ကို သိရှိလိုကြောင်း ဒလမြို့နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာစိန်မြအေးက ယမန်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းရာ ဒုဝန် ကြီးကယင်းသို့ ထည့်သွင်းဖြေ ကြားသည်။
‘‘တံတားတည်ဆောက်မှု ကြန့်ကြာနေရခြင်းမှာလည်း ယခု လိုတံတားဒီဇိုင်းပြောင်းလဲပြင် ဆင်မှုများကြောင့်လိုအပ်တဲ့လုပ် ငန်းစဉ်များကို အဆင့်ဆင့်ခွင့်ပြုချက်ရယူညှိနှိုင်းနေရတဲ့အတွက် သာဖြစ်ပါကြောင်းတပ်ပြအပ်ပါ တယ်’’ ဟု ဦးကျော်လင်းက လွှတ်တော်သို့ပြောသည်။
အဆိုပါတံတားစီမံကိန်းနှင့် ပတ်သက်၍ ပင်မတံတား၏ခန်းဖွင့်အကျယ် ၃၂၀ မီတာကို ၃၇၀ မီတာသို့ပြောင်းလဲထားပြီးတည် ဆောက်ရေးလုပ်ငန်းများကို ယခု နှစ်ဒီဇင်ဘာမကုန်မီ စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ကိုးလခန့်က မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ဦး ဆောင်၍ အခြားပုဂ္ဂလိကဆိပ် ကမ်းငါးခုသည် ဒလတံတား တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် ပေးရန်အစိုးရထံတင်ပြခဲ့ပြီး တံတားတည်ဆောက်ခြင်းမပြုဘဲဥမင်လိုဏ်ခေါင်းတည်ဆောက်ရန် တင်ပြခဲ့ကြောင်းဒုဝန်ကြီးက ရှင်းပြသည်။
ဥမင်လိုဏ်ခေါင်းတည် ဆောက်ခြင်းက တံတားတည် ဆောက်မည့်ကုန်ကျစရိတ်ထက် အဆပေါင်းများစွာပိုမိုကုန်ကျနိုင် သည့်အခြေအနေကြောင့် မဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနက ပြန်လည်တင်ပြရာ မြန်မာ့ဆိပ်ကန်းအာဏာပိုင်က ရေလမ်းကမ်းလွတ်အကျယ်ပိုမို ရရှိစေရန် ထပ်မံတင်ပြသဖြင့် တံတား၏ ခန်းဖွင့်အကျယ်ကို ၃၇၀ မီတာသို့ပြောင်းလဲဆောင် ရွက်ရန်သဘောတူခဲ့ကြောင်း ဦးကျော်လင်းက လွှတ်တော်၌ပြောသည်။ ကိုရီးယား - မြန်မာချစ် ကြည်ရေးတံတားစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ဒလမြို့နယ်ဒေသခံပြည်သူ တစ်သောင်းခန့်ကပြီးခဲ့သည့် ဇွန်လ လယ်တွင် ဆန္ဒထုတ်ဖော်ထား သည်။
ယင်းစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၂ ကတည်း က တည်ဆောက်ရန်စီစဉ်ခဲ့ပြီး ကိုရီးယားနိုင်ငံက ဒေါ်လာသန်း ၁၄၀ ခန့်ထုတ်ချေးရန် ၂၀၁၅ တွင် သဘောတူခဲ့သည်။
Credit: 7Daydaily