အာရှပစိဖိတ်၌ စမတ်စီးတီးများအတွက် ယခုနှစ်အသုံးစရိတ် ဒေါ်လာ ၃၀ ဘီလျံ ရှိမည်

အာရှပစိဖိတ်၌ စမတ်စီးတီးများအတွက် ယခုနှစ်အသုံးစရိတ် ဒေါ်လာ ၃၀ ဘီလျံ ရှိမည် - Property News in Myanmar from iMyanmarHouse.com
6 Sep 2018 11:37 am တွင် တင်ခဲ့သည်
1050 ကြိမ် ကြည့်ရှု့ပြီး

အာရှပစိဖိတ်တွင် စမတ်စီးတီးခေါ် စမတ်မြို့ပြဖော်ဆောင်မှုများအတွက် နည်းပညာဆိုင်ရာ အသုံးစရိတ်သည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ ရှိလာမည်ဖြစ်ကြောင်း အိုင်တီဈေးကွက်သုတေသနကုမ္ပဏီ IDC ၏ ယခုနောက်ဆုံးထွက်ရှိလာသော ကမ္ဘာတစ်ဝန်း နှစ်ဝက်စမတ်စမတ်စီးတီးအသုံးစရိတ်အညွှန်းထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်မပါဝင်သည့် ယင်းလေ့လာမှုက အာရှပစိဖိတ်ဒေသအတွင်း ၎င်းအသုံးစရိတ်သည် လာမည့်နှစ်အနည်းငယ်အတွင်း မြင့်တက်လာကာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၄ ဘီလျံ ဖြစ်လိမ့်မည်ဟုလည်း ထပ်မံတွေ့ရှိခဲ့သည်။

"အာရှပစိဖိတ်ရှိ မြို့ပြတွေဟာ နည်းပညာဆန်းသစ်တီထွင်မှုတွေနဲ့ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ စမတ်ဖြစ်ပြီး၊ နေပျော်တဲ့၊ စဉ်ဆက်မပြတ် ထိန်းထားနိုင်တဲ့ မြို့ပြဂေဟစနစ်တွေကို ပေးစွမ်းနိုင်ဖို့ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု IDC အာရှပစိဖိတ်ရေးရာ အများပြည်သူကဏ္ဍဆိုင်ရာ အကြီးအကဲ ဂျရတ်ဝမ်က အထက်ပါထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ဒါကြောင့် ရေရှည်မှာ မြို့ပြဒီဂျစ်တယ်ဝန်ဆောင်မှုတွေနဲ့ မြို့ပြအခြေခံအဆောက်အအုံတွေအတွက် ငွေကြေးမတည်တည်ဆောက်ရေးမူဝါဒတွေ ပြတ်သားဖို့လည်း လိုပါတယ်" ဟုလည်း သူက ပြောကြားခဲ့သည်။

ထောက်လှမ်းမှု၊ အဆင့်မြင့်အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှုအဆင့်မြင့်စီမံခန့်ခွဲရေးတို့နှင့် သက်ဆိုင်သည့် နည်းပညာက ယခုနှစ် ၎င်းအသုံးစရိတ်၏ ၃၅ ရာခိုင်နှုန်းကျော် ဝေစု ရှိမည်ဖြစ်ကာ တရုတ်နိုင်ငံတစ်နိုင်ငံတည်း၌ပင် ထောက်လှမ်းရေးအတွက် အသုံးပြုမှုသည် ၁၇ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတစ်ဝန်း ရာဇဝတ်သားများကို ထောက်လှမ်းခြေရာခံနိုင်ရန်အတွက် AI (အသိဉာဏ်တု) နည်းပညာသုံး လုံခြုံရေးကင်မရာ သန်း ၂၀ ဝန်းကျင်ကို ဖြန့်ကြက်ထားပြီးဖြစ်သည်။

အချက်အလက်အခြေပြု အများပြည်သူဘေးကင်းလုံခြုံရေးနှင့် အဆင့်မြင့်သယ်ယူပို့ဆောင်ရေးတို့သည် ဖွံ့ဖြိုးလာသော မြို့ပြလူဦးရေကြောင့် အာရှပစိဖိတ်ဒေသအတွင်း အဓိကဦးစားပေးရင်းနှီးမြှုပ်နှံမှုကိစ္စရပ်နှစ်ရပ် ဖြစ်ကြောင်း IDC အာရှပစိဖိတ်၏ ဈေးကွက်ဆန်းစစ်လေ့လာသူ မာလာနီဆွာမီကလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

imyanmarmarket
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service