၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် JICA ချေးငွေဖြင့် ပြည်တွင်း SME လုပ်ငန်းများကို ကျပ် ၁၅၁ ဒသမ ၆၈၅ ဘီလျံခန့်ချေးငွေထုတ်ပေးမည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် JICA ချေးငွေဖြင့် ပြည်တွင်း SME လုပ်ငန်းများကို ကျပ် ၁၅၁ ဒသမ ၆၈၅ ဘီလျံခန့်ချေးငွေထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
6 Sep 2018 11:26 am တွင် တင်ခဲ့သည်
1213 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( JICA ) မှရယူသော တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေဖြင့် ပြည်တွင်း SME လုပ်ငန်းများကို ဂျပန်ယမ်း ၁၁ ဒသမ ၆ ဘီလျံနှင့် ညီမျှသော (ကျပ် ၁၅၁ ဒသမ ၆၈၅ ဘီလျံ)ခန့်ကိုချေးငွေထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ယခုနှစ် စက်တင်ဘာလအတွင်း၌လည်း ချေးငွေ ဂျပန်ယမ်း၃ဘီလျံနှင့် ညီမျှသော ကျပ် ၃၆ ဘီလျံခန့်ကို ပြည်တွင်းဘဏ်များဖြစ်သည့် အသေးစားအလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး ဘဏ် (SMIDB)၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီ ဘဏ်တို့မှ တစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသို့ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ စက်တင်ဘာ ၅ရက်နေ့တွင် ကြေညာခဲ့သည်။

" ဘယ်ဒေသကိုဦးစားပေး ချေးပေးမယ်ဆိုပြီး မသတ်မှတ်ထားဘူး။ ဘောင်ဝင်တဲ့ SME တွေကို ချေးမှာပါပဲ " ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆိုသည်။ အဆိုပါချေးငွေကို ၂၀၁၅ ခုနှစ် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင် ပါရှိသည့် SME သတ်မှတ်ချက်နှင့်ကိုက်ညီသော ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီရောင်းဝယ်ရေး လုပ်ငန်း၊လက္ကားရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လျှောက်ထား နိုင်မည်ဖြစ် သည်။

JICA နှစ်ဆင့်ခံ ချေးငွေစီမံကိန်းတွင် ချေးငွေလျှောက်ထားရန် အကျုံးမဝင်သည့်လုပ်ငန်းများမှာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့်အာမခံလုပ်ငန်းများ၊ အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ၊ အရက်ဆိုင်များနှင့်ပျော်ပွဲစားရုံလုပ်ငန်း၊ဖြေဖျော်မှု၊ တင်ဆက်မှုလုပ်ငန်းများ လက်နက်၊ ခဲယမ်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများဖြစ်ပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေး ပြည့်မီမှု ရှိသော လယ်သမားများအား ချေးငွေထုတ်ချေးပေးမည်မဟုတ်ကြောင်း သိရသည်။

SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေးပေးမည့် ငွေပမာဏကို အများဆုံး ငွေကျပ် သန်း၅၀ဝ သတ်မှတ်ထားပြီး၊ ချေးငွေအတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၅ရာခိုင်နှုန်း သတ်မှတ်ထားကာ ချေးငွေ သက်တမ်းမှာ ၃နှစ်အထက်မှ ၅နှစ်အထိဖြစ်သည်။ မြန်မာ့စီးပွားရေးဘဏ်မှ SME လုပ်ငန်းများအား ဘဏ္ဍာငွေ ပံ့ပိုးကူညီရန် JICA မှတရားဝင် ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA)ရယူ၍SME) နှစ်ဆင့်ခံချေးငွေစီမံကိန်း ပထမအဆင့်ကို ၂၀၁၅ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပထမအဆင့်ထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသည့် အရင်းငွေများအား လှည့်ပတ်ရန်ပုံ ငွေစာရင်းတွင်ထားရှိ၍ ပြည်လည်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ ပထမအဆင့်တွင် လုပ်ငန်းရှင် ၃၀ဝကျော် ကို ချေးငွေ ကျပ် ၆၇ဘီလျံခန့်ချေးငွေ ထုတ်ပေးခဲ့သည်ဟု ဒေါ်အေးအေးဝင်းက ဆိုသည်။ JICA SME Two- Step Loan စီမံကိန်း ဒုတိယအဆင့်တွင် ချေးငွေ ဂျပန်ယန်း ၁၄၉၄၉သန်း ချေးယူရန် ယခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ချေးငွေစာချုပ်အား မတ်၂၉ရက်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဇနီးဖြစ်သူ၏အလောင်းနှင့်အတူ နေထိုင်နေသော ထပ်ဆင့်အော်စကာဆုရှင် Gene Hackman ကို နယူးမက္ကဆီကိုပြည်နယ်ရှိ ဒေါ်လာ ၄ သန်းတန် နေအိမ်အတွင်း ပုပ်ပွသေဆုံးလျက်တွေ့ရှိ၊ အာဏာပိုင်တို့က ၎င်းတို့ဇနီးမောင်နှံ သေဆုံး...

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ...

မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျိုးသမီးတစ်ဦးက ၎င်းဝယ်ယူထားသည့် စာအုပ်များအား အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပုံဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က...

တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့...

အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် ...

တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ နာရီခန့် အချိန်ယူကာ အမှိုက်ပုံထဲမှ တစ်ရွက်ချင်း လိုက်ကောက် ပေးခဲ့ရပုံ...

ပထမဆုံးခရစ်ယာန်များတူးဖော်ခဲ့သည်ဟုလူသိများသော တူရကီနိုင်ငံကရှေးဟောင်းလျှို့ဝှက်မြေအောက်မြို့တော်...

နယူးယောက်ရှိ ကမ္ဘာကျော် ခရိုင်စလာ အဆောက်အအုံကြီးကို အမှုရှုံးကာ လက်လွတ်ဆုံးရှုံးသွားသော အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီးက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၄၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...

[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆိုနေပုံ ဗွီဒီယိုဖိုင် နာမည်ကြီးနေပြီး လူမှုကွန်ရက် သုံးစွဲသူတို့က ကလေးကို ချစ်ခင်လျက်ရှိ...

အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service