ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တမူထူးခြားသော ကော်ဖီဆိုင်၊ စားသောက်ဆိုင် ယဉ်ကျေးမှုတစ်ခု ပေါ်ထွန်းလာလျက်ရှိနေသည်။
ကော်ဖီဆိုင်များတွင် အလှဆင် ခင်းကျင်းပြသထားသော ရှေးဟောင်းအိမ်ထောင်ပရိဘောဂပစ္စည်းများကို ဝယ်ယူနိုင်ခြင်း ဖြစ်သည်။
အကယ်၍ သင့်အနေဖြင့် အိမ်တွင်းအလှဆင်ပစ္စည်းတစ်မျိုးမျိုးဝယ်ယူရေးအတွက် ညနေခင်းဈေးဝယ်ထွက်ရန်၊ အခြားဈေးဝယ်သူ များစွာအကြား တိုးဝှေ့ဝယ်ယူရန် ပျင်းရိနေလျှင် ဘန်ကောက်တွင် ထိုသို့လုပ်ဆောင်ရန် မလိုတော့ချေ။
ကော်ဖီဆိုင်များတွင် ကော်ဖီသောက်နေရင်း ဆိုင်အတွင်း အလှဆင်ထားသော ထူးခြားလှပသည့် ရှေးဟောင်းပရိဘောဂပစ္စည်း တစ်မျိုးမျိုးကို နှစ်သက်ပါက ထုတ်ပိုးခိုင်းပြီး သင့်နေအိမ်သို့ ပို့ဆောင်ခိုင်းလိုက်ရုံသာဖြစ်သည်။
ယင်းနောက် အေးအေးချမ်းချမ်း ကော်ဖီ (သို့မဟုတ်) ဘီယာ ဆက်သောက်နေနိုင်သည်။
(ဘန်ကောက်တွင် စားသောက်ရင်း ရှေးဟောင်းပရိဘောဂ ၊ အသုံးအဆောင်ပစ္စည်းဝယ်ယူနိုင်မည့် ဆိုင်များ)
၁။ အက်ကာမိုင်ဆွိုင် ၂၁ လမ်းရှိ TUBA Design Furniture & Restaurant
ဘန်ကောက်တွင် ဂန္ထဝင်မြောက် ချိန်းဆိုတွေ့ဆုံကြသည့်နေရာတစ်ခု ဖြစ်လာနေသည်။ စားသောက်ဖွယ်ရာများ စားသောက်ခြင်း၊ အရက်သောက်ခြင်း၊ ကာရာအိုကေသီဆိုခြင်းများအတွက် သီးသန့်ခန်းများစွာ စီစဉ်ပေးထားသည်။ဆိုင်တွင် ပြသထားသော ရှေးဟောင်းပစ္စည်းများကား ဈေးမသက်သာလှချေ။TUBA တွင် blue martinis တစ်ခွက်လျှင် ဘတ်ငွေ ၂၅၀(ကန်ဒေါ်လာ ၇ ဒသမ ၆ ဒေါ်လာ) ဖြင့် သောက်သုံးနိုင်သည်။
တည်နေရာ- အမှတ် ၃၄၊ အက်ကာမိုင်ဆွိုင် ၂၁ လမ်း၊ ဘန်ကောက်မြို့ ဆိုင်ဖွင့်ချိန်- နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီအထိ (နေ့စဉ်ဆိုင်ဖွင့်သည်)
၂။ သောင်ဂ်လာ ၁၃ လမ်းရှိ Sundays ကော်ဖီဆိုင်
အနုပညာဆန်စွာ ပြင်ဆင်ထားပြီး ဝန်ထမ်းများမှာ နွေးထွေးဖော်ရွေကြကာ စားသောက်ဖွယ်ရာများမှာလည်း အရသာရှိလှသည့် ဆိုင်ကလေးဖြစ်သည်။ ဆိုင်တွင် လူမရှုပ်ချိန်ဆိုပါက စားသောက်သူများနှင့်အတူထိုင်ပြီး ပုံဆွဲကြလေ့ရှိသည်ဟု ဆိုသည်။ ထူးခြားချက်မှာ ဆိုင်ဝန်ထမ်းများ ဖန်တီးထားသည့် အနုပညာလက်ရာများစွာကို ခင်းကျင်းပြသထားခြင်းဖြစ်ပြီး ယင်းတို့ကို ဝယ်ယူနိုင်သည်။ ဆိုင်အတွင်း ကြီးမားသည့် indoor ပင်များ စိုက်ပျိုးထားရှိရာ အေးချမ်းသည့်ခံစားချက်တစ်မျိုး ခံစားရမည်ဖြစ်သည်။ကြီးမားသည့် အလှဆင်ပစ္စည်းများမှာ ရောင်းချရန် မဟုတ်သော်လည်း ကျန်အရာများအားလုံးကို ဝယ်ယူနိုင်သည်ဟု ဆိုသည်။
တည်နေရာ- ၄၄/၉-၁၀ သောင်ဂ်လာ ၁၃ လမ်း၊ ဘန်ကောက်မြို့ ဆိုင်ဖွင့်ချိန်- နံနက် ၁၁ နာရီမှ ည ၁၁ နာရီ (နေ့စဉ်ဖွင့်သည်) ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/sundays.bkk/
၃။ Shades of Retro bar
တည်နေရာ- ၈၀၈/၁၂ ဆွိုင် သာရာရွန် ၂ လမ်း၊ ဘန်ကောက်မြို့ ဆိုင်ဖွင့်ချိန်- နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီ (နေ့စဉ်ဖွင့်သည်) ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/shadesofretrobar/
၎။ Kaffe 50
တည်နေရာ- ၂၄ အက်ကာမိုင် ၂၁ လမ်း၊ ဘန်ကောက်မြို့ ဆိုင်ဖွင့်ချိန်- နံနက် ၉ နာရီမှ ညနေ ၅ နာရီ (နေ့စဉ်ဖွင့်သည်) ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/kaffebyY50/
၅။ 1 of a Kind
တည်နေရာ- ရာမ ၉၊ ဆွိုင် ၄၈၊ ဘန်ကောက်မြို့ (The Nine mall ၏ မျက်နှာချင်းဆိုင်) ဆိုင်ဖွင့်ချိန်- နံနက် ၁၁ နာရီမှ ည ၉ နာရီ (ဗုဒ္ဓဟူးနေ့မှလွဲပြီး) ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/1ofakindstyle/
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)