အင်္ဂလန်တွင် ကမ္ဘာ့ပထမဆုံး အမျိုးသမီးဆရာဝန်၏နေအိမ် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်တွင် ကမ္ဘာ့ပထမဆုံး အမျိုးသမီးဆရာဝန်၏နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4 Sep 2018 12:01 pm တွင် တင်ခဲ့သည်
1198 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ပထမဆုံး အမျိုးသမီးဆရာဝန်ဖြစ်သူ အဲလစ်ဇဘက် ဘလက်ခ်ဝဲလ်၏ အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပင်လယ်ကမ်းခြေမြို့ ကလေးတွင် တည်ရှိခြင်းဖြစ်ပြီး Rock House ဟု အမည်ပေးထားကာ မြို့ ကလေး၏ အကောင်းဆုံး ရှုမျှော်ခင်းများကို တွေ့မြင်ရသည်နေရာတွင် တည်ရှိပြီး မူရင်းလက်ရာများစွာ မပျက်မယွင်း ပါဝင်လာသည်။

ဘလက်ခ်ဝဲလ်သည် ကမ္ဘာ့ပထမဆုံးအရည်အသွေးမီ အမျိုးသမီးဆရာဝန်တစ်ဦးဖြစ်ခဲ့ပြီး ယခုနေအိမ်အတွင်းသို့ အိမ်ရှေ့ တံခါးမကြီးမ ဝင်ရောက်ရသည်မှာ ကာလယန္တရားကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ရသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။

Rock House စံအိမ်ကြီးသည် ၁၈၃၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရှည်လျားလှသည့် သမိုင်းကြောင်းအတွင်း အလှည့်အပြောင်းများစွာ ဖြတ်သန်းခဲ့ဖူးသည်။

၁၈၈၀ ပြည့်နှစ်တွင်ကား ယင်းစံအိမ်သို့ အဲလစ်ဇဘက် ဘလက်ခ်ဝဲလ် ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

ဘလက်ခ်ဝဲလ်သည် Rock House တွင် နေထိုင်ခဲ့စဉ် နှစ်ပေါင်း ၃၀ ကာလအတွင်း အရေးပါသည့် ဆေးပညာဆောင်းပါးပေါင်းများစွာ ရေးသားခဲ့သည်။

ယနေ့တွင် အဆိုပါနေအိမ်ကြီး၏ အပြင်ဘက်နံရံ၌ ဘလက်ခ်ဝဲလ်နေထိုင်ခဲ့ကြောင်းကို အထိမ်းအမှတ်ကျောက်စာဖြင့် မှတ်တမ်းတင်ထားပုံအား တွေ့ရမည် ဖြစ်သည်။

အနီရောင်အုတ်များဖြင့် ဆောက်လုပ်ထားပြီး အပြာရောင်ပြတင်းကာများ တပ်ဆင်ထားသည့် Rock House စံအိမ်ကြီးကို ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ကုန်းမြင့်နေရာတွင် တည်ရှိခြင်းကြောင့် သမိုင်းဝင် အိုးတောင်းမြို့ ကလေးနှင့် အင်္ဂလိပ်ရေလက်ကြားတို့ကို စီးမိုးတွေ့မြင်နိုင်သည့်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၀၀၀ ခန့်ရှိပြီး အိပ်ခန်း ၅ ခန်း၊ ဧည့်ခန်းမ ၂ ခု၊ ကြီးမားကျယ်ဝန်းသော ညစာစားခန်း၊ မီးဖိုဆောင်တစ်ခုနှင့် ခန့်ညားသော နေစာလှုံ လသာဆောင်တို့ ပါဝင်သည်။

ခေါ်ဈေးမှာ ပေါင် ၉၅၀၀၀၀ ဖြစ်ပြီး Knight and Knoxley ကုမ္ပဏီမှတစ်ဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service