ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဂေါ့သစ်ဗိသုကာဟန်သည် အလယ်ခေတ်တွင် ဥရောပ၌ ထွန်းကားခဲ့သော ဗိသုကာဟန်ဖြစ် သည်။
ဂေါ့သစ်သည် ရိုးမန့်စ်ဗိသုကာဟန်မှ မြစ်ဖျားခံပြီး ယင်းမှတဖန် ရီနေးဆင်းဗိသုကာက စံယူမွေးဖွားခဲ့ပြန်သည်။
ပြင်သစ်နိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ပြီး ၁၂ ရာစုမှ စတင်ကာ ၁၆ ရာစုအထိ ထွန်းကားခဲ့သည်။
ထိုကာလက ဂေါ့သစ်ဗိသုကာကို ပြင်သစ်တွင် opus francigenum (ပြင်သစ်လက်ရာဟု အဓိပ္ပာယ်ရ) ဟု ခေါ်ဝေါ်ခဲ့ ကြသည်။ ရီနေးဆင်းဗိသုကာ ထွန်းကားလာပြီး ရီနေးဆင်း နှောင်းပိုင်းကာလများသို့ ရောက်မှ ဂေါ့သစ်ဟူသည့် အမည်တွင် လာခဲ့ခြင်းလည်း ဖြစ်သည်။ ဂေါ့သစ်၏ ၀ိသေသလက္ခဏာများတွင် အမိုးခုံးချွန် များ၊ ကြက်ခြေသဖွယ် သွယ်ယှက်ထားသော အမိုးခုံး ယက်မ တန်းများ၊ ပင်မအဆောက်အအုံကြီး၏ အမြင့်ဘက်မှ အောက် ဘက် မျှော်စင် (သို့မဟုတ်) နံရံဆီသို့ သွယ်ဆင်းထောက်တန်း ထားသည့် ထုတ်တန်းသဖွယ် ဘောင်တန်းများကို တွေ့ရမည် ဖြစ်သည်။
အဓိကအားဖြင့် ဂေါ့သစ်သည် ဥရောပတစ်လွှားရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများစွာကို ပုံဖော်ခဲ့သည့် ဗိသုကာ အဖြစ် လူသိများသည်။ ထို့အပြင် ရဲတိုက်ကြီးများ၊ နန်းတော်ကြီးများ၊ မြို့ တော်ခန်းမများ၊ အစည်းအဝေးခန်းမများနှင့် တက္ကသိုလ်များ ဆောက်လုပ်ရာတွင်လည်း များစွာအသုံးပြုခဲ့ပြီး လူနေအိမ်များ၊ အခန်းများဆောက်လုပ်ရာတွင်မူ ရံဖန်ရံခါသာ အသုံးပြုလေ့ ရှိခဲ့သည်။ အဓိကအားဖြင့် ဘုရားကျောင်းများနှင့် အစိုးရ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ဂေါ့သစ်၏ သရုပ် သကန်များကို အားကောင်းစွာ ဖော်ထုတ်လေ့ရှိပြီး ဘာသာ တရားနှင့် ဇာတိပုညဂုဏ်မာနကို ဖော်ညွှန်းလေ့ရှိသည်။
ထိုခေတ်က ဆောက်လုပ်ခဲ့သော ခရစ်ယာန်ဘာသာ ရေးဆိုင်ရာ အဆောက်အအုံများစွာမှာ ယနေ့တိုင် တည်ရှိနေ ဆဲဖြစ်ပြီး ယင်းတို့အနက် အသေးငယ်ဆုံး အဆောက်အအုံသည် ပင်လျှင် ဗိသုကာဆိုင်ရာ ထူးခြားသည့် အဆောက်အအုံဖြစ် နေသည်။ ကြီးမားသည့် ဘုရားကျောင်းများ များစွာမှာမူ အဖိုး မဖြတ်နိုင်သည့် အနုပညာလက်ရာများအဖြစ် သတ်မှတ်ထား ကြပြီး ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ် မှတ်ခြင်းခံကြရသည်။ အထက်ဖော်ပြပါ အကြောင်းရပ်များကို အခြေတည် ၍ သုံးသပ်မည်ဆိုလျှင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို လေ့လာခြင်းသည်ပင်လျှင် ဂေါ့သစ်ဗိသုကာကို လေ့လာခြင်း မည်နေသည်။ အင်္ဂလန်တွင်မူ ဂေါ့သစ်ရီဗိုက်ဗယ်လ်ကို ၁၈ ရာစု နှစ် အလယ်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြ ပြီး ဥရောပတစ်ခွင်လုံးသို့ ၁၉ ရာစုတွင် ပျံ့ နှံ့သွားကာ ၂၀ ရာစုတိုင်အောင် ဘာသာရေးနှင့် တက္ကသိုလ်အဆောက်အအုံ များကို များစွာဆောက်လုပ်ခဲ့ကြသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် နယ်ပယ်
ဂေါ့သစ်ကို လေ့လာရာတွင် အများစုမှာ ပင်မ၀ိသေသ လက်္ခဏာတို့ကို အသုံးပြု၍ အဓိပ္ပာယ်ဖွင့်ဆိုကြပြီး အမိုးချွန်း အမိုးခုံးများ၊ တစ်ခုနှင့်တစ်ခု ထပ်လျက်၊ အချင်းချင်းဖြတ် လျက် ဒီဇိုင်းဆွဲဆောက်လုပ်ထားသည့် အမိုးခုံးများ၊ မုခ်တိုင် များ၊ ထုတ်တန်းသဖွယ် ဘောင်တန်းများဖြင့် အနက်ဖွင့်ကြ သည်။ သမိုင်းပညာရှင်များကမူ အမိုးခုံးကို ထောက်မထား သည့် ကော်လံတိုင်များ၊ ပြာသာဒ်များ၊ မြင့်မိုရ်ပိတ်များ၊ ရောင် စုံ ဆေးရေး မှန်ချပ်များဖြင့် တပ်ဆင်ထားသည့် စက်ဝိုင်းသဏ္ဌာန် ပြတင်းများ (ဂေါ့သစ်ဖြင့် ဆောက်လုပ်ထားသည့် ဘုရားကျောင်း များတွင်သာ တွေ့ရှိနိုင်) အပါအ၀င် အလယ်ခေတ်နှင့် ကလပ် စစ်ကယ်အနုပညာလက်ရာဟန်များ ပေါင်းစပ်မှုများဖြင့် ဂေါ့သစ် ကို အဓိပ္ပာယ်ဖွင့်ကြသည်။
ဂေါ့သစ်သည် ရွေ့လျားပြောင်းလဲမှုများစွာရှိသည့် ဗိသုကာဟန်ဖြစ်ပြီး အဓိကအားဖြင့် ဒေသတွင်း (သို့မဟုတ်) ဓလေ့ရိုးရာ ဗိသုကာဟန်များ ပေါင်းစပ်ကာ သီးခြားဟန်ဖြင့် ရပ်တည်နိုင်ရန် ဗိသုကာပညာရှင်အသီးသီးက ကြိုးပမ်းခဲ့ကြရာ ဟန်တစ်သမတ်တည်းမရှိသည့် ဗိသုကာဖြစ်လာသည်။ ယင်းကြောင့်ပင် ဖလန်ဘွိုင်းယန (Flamboyant )၊ ရေးယွန်နန့် (Rayonnant) နှင့် အင်္ဂလိပ် ပါပင်ဒီကူလာ (English Perpendicular) ဟန်များ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ ပြတင်းဘောင် ကနုတ်များ၊ လှေကားထစ်သဖွယ် ၊ လှိုင်းတွန့် အင်္ဂတေဘောင်စွန်း ပုံဖော်မှုများများ အခြေခံသည့် အင်္ဂလိပ် ပါပင်ဒီကူလာကို ပေါလ် ဖရန်ကယ်လ်က ပေါင်းစပ် ဗိသုကာဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။
အာစိ ဒီ ကွန်မွန် Arcisse de Caumont (ရှေးဟောင်း သုတေသနပညာရှင်၊ သမိုင်းပညာရှင် ၁၈၀၁-၁၈၇၃) ၊ ရောဘတ် ၀ီလစ်နှင့် ဖန့်စ် မြာအင့်စ် Franz Mertens တို့ကဲ့သို့သော ၁၉ ရာစုနှစ် စာရေးဆရာများက ယင်းသို့ပေါင်းစပ်သည့် ဟန် ကို စာပေတွင် ရယူအသုံးပြုလာကြသည်။
ဂေါ့သစ်သည် ဗိသုကာဟန်တစ်ခုအဖြစ် မွေးဖွားလာ ပြီး ကနဦးတွင် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများ ၏ ဗိသုကာဟန်အဖြစ် ဖွံ့ဖြိုးခဲ့ကာ နောက်ပိုင်းတွင် အခြား အဆောက်အအုံ အမျိုးအစားများစွာတွင်ပါ ဂေါ့သစ်၏မူနှင့် ၀ိသေသတို့ကို သုံးစွဲလာကြသည်။ နှစ်ပရိစေ်္ဆဒများစွာ ကြာမြင့်သောအခါတွင်ကား ဂေါ့သစ်သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကိုသာ ထင် ဟပ်သည်မဟုတ်တော့ဘဲ အဆောက်အအုံအမျိုးအစား အား လုံးတွင် ရယူသုံးစွဲလာကြတော့သည်။ ယနေ့တိုင်အောင် ဂေါ့သစ်ဖြင့် ပုံဖော်ထားသည့် နေအိမ်များ၊ နန်းတော်ကြီးများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင် ရာ အဆောက်အအုံများ၊ မြို့တော်ခန်းမကဲ့သို့ အများပြည်သူ ဆိုင်ရာ အဆောက်အအုံများ၊ ရဲတိုက်ကြီးများ၊ မြို့ပြတံတိုင်း များ၊ တံတားများ၊ ကျေးရွာဘုရားကျောင်းများ၊ ဘုန်းတော်ကြီး များ၏ အိမ်တော်များကို တွေ့မြင်နိုင်သေးသည်။ ယင်းတို့အနက် အများဆုံးတွေ့ရသည်မှာမူ ခရစ် ယာန် ဘုရားရှိခိုးကျောင်းများ ဖြစ်သည်။ အဆောက်အအုံများကို ချဲ့ထွင်ခြင်းများရှိစေကာမူ လက်ရာများစွာကို မူရင်းမပျက်တွေ့ရပြီး ဂေါ့သစ်၏ ၀ိသေသ နှင့် အလှဆင်မှုများကို ထင်ဟပ်နေဆဲ ဖြစ်သည်။
ဂေါ့သစ်ကို အထင်ရှားဆုံးတွေ့မြင်ရသည်မှာ ပြင်သစ် မြောက်ပိုင်း၊ အင်္ဂလန်နှင့် စပိန်တို့ရှိ ဘုရားကျောင်းကြီးများ ဖြစ်သည်။ ဂေါ့သစ်ဗိသုကာဟန် အစပျိုးခဲ့သည်မှာ ရိုမန်နက်စ် ခေတ်ဟု ဆိုအပ်သော ၁၂ ရာစုအတွင်း ပြင်သစ်နိုင်ငံမြောက် ပိုင်း ပဲရစ်မြို့ဝန်းကျင်ဒေသဖြစ်သော lle-de-France ဟု ဆိုသည့် ဒေသမှ ဖြစ်သည်။ ၁၂ ရာစုအတွင်း ရိုမန်နက်စ် ဗိသုကာ (Romanesque architecture) သည် အင်္ဂလန်တွင် “နော်မန် ဂေါ့သစ်” ဟူသည့် အမည်ဖြင့် ထွန်းကားခဲ့ကာ ဥရောပတစ်ခွင်လုံးတွင် ဆက်လက် ထွန်းကားခဲ့သည်။
ရိုမန်နက်စ်ခေတ်တွင် အဓိကအရေးပါထင်ရှားခဲ့ သည့် အဆောက်အအုံအမျိုးအစားများမှာ ဘုရားကျောင်း၊ ရဲတိုက်၊ နန်းတော်၊ ခန်းမ၊ မြို့တော်ခန်းမတို့ ဖြစ်ကြ၏။ ရိုမန်နက်စ်ဗိသုကာအဆောက်အအုံများတွင် ဂေါ့သစ် ၏ မူများကို ဗိသုကာပညာတို့က ရယူသုံးစွဲခဲ့ကြသည်။ အများဆုံးရယူအသုံးပြုခဲ့ကြသည့်ဟန်များကား နံရံ ကို ထောက်ကူပေးသည့် နံရံကပ်ကော်လံတိုင်များ၊ စင်္ကြံများ၊ လှည်းဘီးသဏ္ဌာန် ပြတင်းပေါက်များ၊ ပန်းချီဆေးရေးမှန် ပြတင်းများ၊ အမိုးချွန် အမိုးခုံးများ ဖြစ်ကြ၏။ ဂေါ့သစ်နှင့် ရိုမန်နက်စ်ကို ကွဲပြားစေသည့် တစ်ခု တည်းသော လက္ခဏာမှာ အမိုးချွန် အမိုးခုံးဖြစ်သည်။
ရိုမန်နက်စ်မှ ဂေါ့သစ်အကူးအပြောင်း ရိုမန်နက်စ်ခေတ်ကြီး နိဂုံးချုပ်လုဆဲကာလတွင် ဂေါ့သစ်အလွန် ထွန်းကားလာချိန်နှင့် တိုက်ဆိုင်နေသည်။သို့ရာတွင် ဂေါ့သစ်သည် အခြားဗိသုကာဟန်များကဲ့သို့ ရှေ့ယခင်ဟန်တစ်ခုထံမှ မွေးဖွားလာခြင်း (သို့တည်းမဟုတ်) သေအံ့မူးမူး ရိုမန်နက်စ်မှ မွေးဖွားလာခြင်း မဟုတ်ချေ။ ရိုမန်နက်စ် အထွတ်အထိပ်သို့ ရောက်နေစဉ်ကာလ အတွင်းတွင်ပင် ဂေါ့သစ်မှာ နှစ်ပေါင်းများစွာ နေရာရနေခဲ့ပြီ ဖြစ်သည်။ ယင်းသို့ ဗိသုကာဟန် အကူးအပြောင်းမှာ ၁၂ ရာစု အလယ်ပိုင်းတွင် ဖြစ်ပြီး နိုင်ငံရေးနှင့် ပညာရပ်နယ်ပယ်ဆိုင် ရာတွင် အပြောင်းအလဲများစွာ ပေါ်ပေါက်နေသည့်အချိန်၊ ကက်သလစ်ဘာသာက နိုင်ငံရေးနယ်အပေါ် အလွန်သြဇာညောင်း နေချိန်မျိုးတွင် အကူးအပြောင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဂေါ့သစ်၏ အစောပိုင်းလက္ခဏာများတွင် အတွဲ လိုက် ကော်လံတိုင်များ၊ တိုင်လုံးတစ်ခုတည်းတွင် တိုင်ငယ် အများအပြားစုပေါင်းကာ ကနုတ်များဖြင့် ပုံဖော်အလှဆင် ခြင်းများ၊ စက်ဝိုင်းအသွင် ကနုတ်ပန်းအလှဆင်ထည့်သွင်းခြင်း များ ပါဝင်ခဲ့သည်။ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် တည်ရှိသော Ely Cathedral ဘုရားကျောင်းကြီး၏ အနောက်ဘက် မျက်နှာစာ တွင် ဖော်ပြပါ လက္ခဏာရပ်များ အထင်အရှားတွေ့ရသည်။ အလယ်ခေတ်နှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့သော ဘာသာရေး အဆောက်အအုံများစွာတွင် ဂေါ့သစ်၏ ၀ိသေသလက်္ခဏာများစွာ တွေ့ရှိရသည်။ ၁၉ ရာစုနှစ် အနုပညာသမိုင်းပညာရှင်တို့သည် ဂေါ့သစ်လက်ရာဘုရားကျောင်းတို့၏ မျက်နှာကျက်အမြင့်များ နှင့် စပ်လျဉ်း၍ များစွာရင်သပ်ရှုမောအံ့အားသင့်ခဲ့ကြသည် ဟု ဆိုသည်။ ပြင်သစ်နိုင်ငံရှိ နာမည်ကျော် အထင်ကရအဆောက် အအုံကြီး များစွာကို ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာပညာ ရှင်ကြီး Eug‘ne Viollet-le-Duc ၏ လေ့လာချက်အရ ဂေါ့သစ် ဘုရားကျောင်းများသည် ကြက်ခြေခတ်အသွင် အမြဲပုံဖော်လေ့ ရှိပြီး ကော်လံတိုင် အစုအဖွဲ့များ၊ ကြက်ခြေခတ် ယှက်လိမ် နေသည့် အမိုးခုံးများ၊ ပင်မအဆောက်အအုံကို ထောက်မထား သည့် တိုင်စောင်း၊ တန်းစောင်းများဖြင့် ဖွဲ့စည်းထားလေ့ရှိ သည်ဟု ဆိုသည်။
ဂေါ့သစ် ဘုရားကျောင်းများသည် မွမ်းမံအလှဆင် မှုများ အထူးပြုလုပ်လေ့ရှိပြီး ဘုရားကျောင်းအတွင်း အလင်းဝင် အားကောင်းမွန်စေရန် ဆေးရောင်စုံခြယ် မှန်ပြတင်းကြီးများ တပ်ဆင်လေ့ရှိသည်။ ဂေါ့သစ်၏ အသေးစိတ်လက်ရာများကို ၁၇ ရာစု နှောင်းပိုင်းတွင် ဆောက်လုပ်ခဲ့သည့် အောက်စ်ဖို့တက္ကသိုလ် နှင့် ကိန်းဘရစ် တက္ကသိုလ်တို့တွင် တွေ့ရှိနိုင်သည်။ ဂေါ့သစ်မှ ဂေါ့သစ် ဆာဗိုက်ဗယ်လ်နှင့် ဂေါ့သစ်ရီ ဗိုက်ဗယ်လ်ဟု ၂ မျိုး ပြန်လည်ခွဲထွက်သွားရာ အောက်စ်ဖို့ဒ် နှင့် ကိန်းဘရစ်တို့မှာ ဂေါ့သစ်ဆာဗိုက်ဗယ်လ်လော (သို့တည်း မဟုတ်) ဂေါ့သစ်ရီဗိုက်ဗယ်လ်၏ အစောပိုင်းဟန်လောဟူ သည်ကို ပိုင်းဖြတ်ရန်ကား ခက်ခဲလှသည်။ အိုင်ယာလန်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုတို့၌ ဂေါ့သစ် ဗိသုကာ များစွာထွန်းကားခဲ့၏။ အိုင်ယာလန်ရှိ ဒါရီ ဘုရား ကျောင်း ( ၁၆၃၃ ခုနှစ်တွင် အပြီးသတ်)၊ စလီဂိုဘုရားကျောင်း (၁၇၃၀ တွင် အပြီးသတ်ဆောက်လုပ်)နှင့် ဒေါင်းဘုရားကျောင်း (၁၈၁၈ ) တို့မှာ ထင်ရှားသည့် ဂေါ့သစ်လက်ရာများ ဖြစ်ကြ သည်။ အင်္ဂလန်တွင် ၁၈ ရာစုအလယ်ပိုင်း၌ ဂေါ့သစ်ဟန် ပြန်လည်ရှင်သန် လာခဲ့သည်။ ယင်းကာလက အင်္ဂလန်တွင် ဂိုသစ် (Gothick) ဟု ခေါ်ဝေါ်ခဲ့ကြ၏။ ၁၉ ရာစုအလယ်ပိုင်းသည်ကား ဂေါ့သစ်လက်ရာ ကို ပြန်လည်ဆန်းသစ်ပုံဖော်သည့် ဂေါ့သစ်ရီဗိုက်ဗယ်လ် ပြန် လည်ထွန်းကားလာသည့် ကာလဖြစ်သည်။ လန်ဒန်ရှိ ၀က်စ်မင်စတာ နန်းတော် (Palace of Westminster)၊ စိန့် ပန်ကရာ့စ် ရထားဘူတာရုံ (St. Pancras railway station)၊ နယူးယောက်ရှိ ထရီနတီ ဘုရားကျောင်း (Trinity Church, New York ) နှင့် စိန့် ပက်ထရစ် ဘုရားကျောင်း (St. Patricks Cathedral) တို့မှာ ထင်ရှားသည့် ဂေါ့သစ်ရီ ဗိုက်ဗယ်လ် ဗိသုကာလက်ရာများ ဖြစ်ကြသည်။
ဂေါ့သစ်သည် ယင်းခေတ်ကာလကပင် ကမ္ဘာ့အရှေ့ ဖျားသို့လည်း ရောက်ရှိထွန်းကားခဲ့ရာ ဟောင်ကောင်ရှိ စိန့်ဂျွန်း ဘုရားရှိခိုးကျောင်းမှာ ထင်ရှားသည့် ဂေါ့သစ်ရီဗိုက်ဗယ်ဟန် ဖြစ်သည်။ ဂျာမနီနိုင်ငံရှိ ကိုလုန်းဘုရားကျောင်းနှင့် Ulm Minster ဘုရားကျောင်းကြီးတို့မှာ ဂေါ့သစ်၏ ထင်ရှားသော ပြယုဂ် များဖြစ်သည်။ Ulm Minster သည် စပိန်နိုင်ငံ၊ ဘာစီလိုနာရှိ Sd Sagrada Familia ဘုရားကျောင်းကြီး ဆောက်လုပ်မပြီးသေး မီအထိ ကမ္ဘာပေါ်တွင် အမြင့်မားဆုံး ဘုရားကျောင်းကြီးအဖြစ် ရပ်တည်ခဲ့ပြီး ၂၀ ရာစုမတိုင်မီတွင်လည်း ကမ္ဘာပေါ်တွင် ပဉ္ဓမ မြောက် အမြင့်မားဆုံး အဆောက်အအုံကြီးအဖြစ် ရပ်တည်ခဲ့ ကာ အမြင့်မှာ ၅၃၀ ပေရှိသည်။ ယင်းနောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် ဂေါ့သစ်ဗိသုကာ ဟန်ဖြင့် ဘုရားကျောင်းသစ်များစွာ ဆောက်လုပ်ခဲ့ရာ မက္ကဆီ ကို၊ အာဂျင်တီးနား၊ ဂျပန်၊ ထိုင်း၊ အိနိ္ဒယ၊ သြစတေးလျ၊ နယူးဇီလန်၊ ဟာဝိုင်အီနှင့် တောင်အာဖရိကတို့တွင် ဖြစ်သည်။
ဥရောပ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတေးလျ နှင့် နယူးဇီလန်တို့တွင် တက်္ကသိုလ်အဆောက်အအုံများ ဆောက် လုပ်ရာတွင် နီယိုဂေါ့သစ်ကို အသုံးပြုခဲ့ကြသည်။ ထင်ရှားသည့် သာဓကတစ်ခုမှာ အက်ဒ်မွန် ဘလက် ကက်ထ် ဒီဇိုင်းရေးဆွဲပေးခဲ့သော ဆစ်ဒနီတက္ကသိုလ် (Univer-sity of Sydney) ဖြစ်သည်။ ကနေဒါတွင် သောမတ်စ် ဖူလာနှင့် ချီလီယွန် ဂျုန်းစ် တို့ ဒီဇိုင်းရေးဆွဲပေးခဲ့သော အော့တ်ဝါမြို့ရှိ ကနေဒါပါလီမန် အဆောက်အအုံများမှာ ထင်ရှားသည့် ဂေါ့သစ်လက်ရာများ ဖြစ်ကြသည်။ ဂေါ့သစ်ကို အများပြည်သူနေအိမ်များ ဆောက်လုပ်ရာ တွင် အသုံးပြုမှုနည်းပါးသော်လည်း ဘုရားကျောင်းများနှင့် တက်္ကသိုလ်များ ဆောက်လုပ်ရာတွင်မူ ၂၀ ရာစုအထိ များစွာ အသုံးပြုနေကြဆဲဖြစ်သည်။ ထင်ရှားသည့် ပြယုဂ်များမှာ နယူးယောက်ရှိ လီဗာ ပူးဘုရားကျောင်း၊ စိန့်ဂျွန်းဘုရားကျောင်းနှင့် ဘရာဇီးနိုင်ငံရှိ ဆောပေါ်လိုဘုရားကျောင်းတို့ ဖြစ်ကြသည်။ ၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုအစောပိုင်းတွင် ပေါ်ပေါက်လာသော ပို့စ်မော်ဒန်နစ်ဇင်လက်ရာ အဆောက် အအုံအချို့မှာ ဂေါ့သစ် ရီဗိုက်ဗယ်လ်ဟန်များသာ ဖြစ်ကြောင်း ထောက်ပြကြသည်။ သာဓကမှာ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ရှိ Sd Gare do Oriente အမည်ရှိ ဘူတာရုံကြီးနှင့် မက္ကဆီကိုနိုင်ငံရှိ Our Lady of Guadalupe အမည်ရှိ ရိုမန်ကက်သလစ် ဘုရား ကျောင်းကြီးဖြစ်သည်။ ။
အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com