ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
Myanmar Global Business Association မှ မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက် iMyanmarHouse.com နှင့် ပူးပေါင်း၍ စက်တင်ဘာလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့များတွင် ရန်ကုန်မြို့  ၊ ပြည်လမ်း ရှိ နိုဗိုတယ်ဟိုတယ်တွင် Kangyi Paradise ကမ်းခြေမြေကွက်များကို စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ချောင်းသာနှင့်ငွေဆောင်ကြား ၊ ရွှေသောင်ယံမြို့ နယ် ၊ ချောင်းသာကျေးရွာအုပ်စု ၊ ကံကြီးကျေးရွာတွင် ကိုယ်ပိုင်ကမ်းခြေအသစ်တစ်ခုကို Myanmar Global Business Association မှ ဖော်ဆောင်လျှက်ရှိသည်။ ချောင်းသာကမ်းခြေသို့ သွားသည့်လမ်းအတိုင်း တည့်တည့်လာပြီး ဆိတ်ကြီးရွာအနီးရှိ ကိုယ်ပိုင်လမ်းခွဲမှ သွားလျှင် စီမံကိန်းသို့ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို Kangyi Paradise Resort & Boat Club နှင့် Kangyi Villa အမည်ဖြင့် စုစုပေါင်း မြေဧက (၃၀)ပေါ်တွင် အပိုင်း (၃)ပိုင်းခွဲ၍ ဖော်ဆောင်လျှက်ရှိသည်။
ဟိုတယ်ကဲ့သို့ ဝန်ဆောင်မှုပေးမည့် Service Apartment များ ၊ ကိုယ့်ခြံကိုယ့်ဝန်းဖြင့် နေနိုင်မည့် လုံးချင်းများ ၊ ရင်းနှီးမြှုပ်နှံရန်အတွက် မြေကွက်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ တောင်ပေါ်ဘန်ဂလိုများနှင့် ရေကန်မေးတင်ဘန်ဂလိုများလည်း ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်သည်။
Kangyi Paradise သည် ကိုယ်ပိုင်ကမ်းခြေအသစ်ဖြစ်သဖြင့် ရေအလွန်ကြည်ပြီး စိတ်လှုပ်ရှားဖွယ်ကစားနည်း (Aventure Activities) များစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ Sea view ကို တိုက်ရိုက်ခံစားရမည့် ပင်လယ်နှင့်အနီးဆုံးမှာ အိမ်ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး သဘာဝအငွေ့အသက်ကို တဝကြီးရရှိမှာဖြစ်သည်။ ထို့အပြင် Swimming pool ၊ Family KTV Rooms ၊ Bar & Restaurant ၊ Carparking ၊ GYM ၊ Massage ၊ Sea View ၊ Fully Furnished & Fully Decorated စသည့် Facilities များစွာ စီမံကိန်းတွင် ပါဝင်မည်ကြောင်း သိရသည်။
အရောင်းပြပွဲနှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းလိုပါက 09-455294841 ~ 5 အထိ ရုံးချိန်များအတွင်း ဆက်သွယ်နိုင်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)