အဆောင်ရှာရ လွယ်ကူလာတဲ့ အွန်လိုင်းဝန်ဆောင်မှုစနစ်

အဆောင်ရှာရ လွယ်ကူလာတဲ့ အွန်လိုင်းဝန်ဆောင်မှုစနစ် - Property News in Myanmar from iMyanmarHouse.com
29 Aug 2018 11:31 am တွင် တင်ခဲ့သည်
1571 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ရဲ့ နှစ်စဉ်တိုးတက်လာနေတဲ့ လူဦးရေတွေထဲမှာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ကနေ အလုပ်လာလုပ်သူတွေ၊ သင်တန်းလာတက်သူတွေက ရာခိုင်နှုန်း အများအပြားပါဝင်နေပါတယ်။ ရွှေ့ပြောင်းနေထိုင်သူအများစုဟာ အဆောင်တွေနဲ့ အိမ်ခန်းတွေကို အဓိကငှားရမ်းနေထိုင်ကြပါတယ်။

အဆောင်အများစုက လူတစ်ယောက်ကို ဖျာတစ်ချပ်စာနေရာခန့်သာပေးနိုင်ပြီး အဆောင်ခတွေကတော့ ငွေကျပ် ၂၀ဝ၀ဝ ဝန်းကျင်ကနေ ကျပ် ၄၀ဝ၀ဝ ခန့်အထိ ရှိပါတယ်။အခန်းဖွဲ့ပြီးငှားတဲ့ အဆောင်တွေလည်း ရှိပါတယ်။ ကျယ်ကျယ်ဝန်းဝန်းမရှိလှပေမဲ့ လူအများနဲ့ စုပေါင်းနေရတဲ့ အခန်းဖွင့်ပုံစံမဟုတ်ဘဲ နည်းနည်းသီးသန့်ဆန်တာကြောင့် ဈေးနှုန်းက ငွေကျပ် ၃၅ဝ၀ဝ ခွဲကနေ ၆၀ဝ၀ဝ ခန့်ထိရှိပါတယ်။

အခြေခံလုပ်ခလစာထက် အနည်းငယ်သာပိုရတဲ့ သာမန်အရောင်းဝန်ထမ်းတစ်ယောက်အတွက်တော့ သီးသန့်အခန်းငှားနေဖို့က အတော်လေးကို မလွယ်ကူလှပါဘူး။ နယ်ကပြောင်းရွှေ့လာသူတွေအဖို့ အတော်အတန်အဆင်ပြေတဲ့ အဆောင်ကိုရှာရတာ အရမ်းခက်ခဲပါတယ်။

"ရန်ကုန်လိုနေရာမှာ ကျောတစ်ခင်းစာရဖို့က တကယ်မလွယ်ဘူး။ အဆောင်ရှာရင် ကိုယ်တိုင်မရှာနိုင်လို့ ပွဲစားနဲ့ရှာခိုင်းရင် ပွဲခပေးရတယ်၊ အသိလည်းအများကြီးမရှိတော့ အွန်လိုင်းက သေချာစနစ်တကျရှာလို့ရတဲ့နေရာရှိရင် ပိုအဆင်ပြေတာပေါ့"လို့ မွန်ပြည်နယ်က ပြောင်းရွှေ့လာပြီး ဗိုလ်တထောင်မြို့နယ်မှာ အဆောင်ငှားရမ်းနေထိုင်သူ မယမင်းခင်က ပြောပါတယ်။

အဆောင်ရှာဖွေငှားရမ်းတဲ့ Facebook Group awG Page တွေကနေ ကြေညာထားတဲ့အနေအထားနဲ့ တကယ့်လက်တွေ့အခြေအနေက တစ်ခါတလေမှာ ကွာခြားမှုတွေရှိပါတယ်။ ဓာတ်ပုံထဲမှာ အခန်းကျယ်ကို ရိုက်ပြထားပြီး တကယ်သွားကြည့်တဲ့အခါ ခုတင်တစ်လုံးစာထက် ပိုမဆံ့တဲ့အခန်းတွေ၊ မှောင်မိုက်ပြီး ကျပ်တည်းလှတဲ့အခန်းတွေ၊စည်းကမ်းမဲ့နေထိုင်ကြသူတွေကြောင့် နေချင်စရာမကောင်းတဲ့ ပတ်ဝန်းကျင်တွေကို မကြာခဏ တွေ့ကြုံနေကြရပါတယ်။

"ဖေ့စ်ဘွတ်ခ်မှာရှာရတာက နည်းနည်းတော့ စနစ်မကျဘူး။ ဝက်ဘ်ဆိုက် ဒါမှမဟုတ် အက်ပလီကေးရှင်းတွေကနေတစ်ဆင့် ရှာရတာက ရိုးရှင်းတယ်၊ မြန်တယ်"လို့ ဆိပ်ကမ်း သာလမ်း အောက်ဘလောက်မှာ အဆောင်နေထိုင်သူ ကိုသန်းမျိုးအောင်က ပြောပါတယ်။

အဆောင်ရှာဖွေလို့ရတဲ့ သီးခြားကဏ္ဍအပါအဝင် အိမ်ခြံမြေရောင်းဝယ်ငှားလိုသူများစုံစမ်းလို့ရတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ ' Best Property' အက်ပလီကေးရှင်းနဲ့ အိမ်ရှာခဲ့ဖူးပေမဲ့ အက်ပလီကေးရှင်းက အပ်ဒိတ်မဖြစ်တာကြောင့် တကယ်တမ်း သွားကြည့်တဲ့အခါမှာ လူပြည့်နေလို့ အဆင်မပြေတာမျိုးတော့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

"အက်ပလီကေးရှင်းကနေ ရှာလို့လွယ်ပေမဲ့Update ဖြစ်မနေဘူး၊ အခန်းလွတ်တယ်လို့ ပြောထားပေမဲ့ သွားကြည့်ရင် ပြည့်နေတာများတယ်"လို့ ကိုသန်းမျိုးအောင်က ပြောပါတယ်။

Best Property အက်ပလီကေးရှင်းနည်းတူ အဆောင်ရှာလို့ရတဲ့ သီးသန့်ကဏ္ဍတစ်ခုကို iMyanmarHouse.com(အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) က ယခုလအစောပိုင်းမှာ ၎င်းတို့ရဲ့ဝက်ဘ်ဆိုက်ထဲမှာ ကဏ္ဍသစ်တစ်ခုအဖြစ် စတင်လာခဲ့ပါတယ်။

အိမ်ခြံမြေဈေးကွက်ထဲမှာ အဆောင်ငှားချင်လို့ ဆက်သွယ်မေးမြန်းတာတွေ များလာတာကြောင့် ဈေးကွက်ရဲ့လိုအပ်ချက်အရ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားဝက်ဘ်ဆိုက်ထဲမှာ အဆောင်ရှာဖွေလို့ရတဲ့ သီးသန့်ကဏ္ဍကို စတင်လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ iMyanmarHouse.com(အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

"ပြောင်းရွှေ့အခြေချနေထိုင်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အဆောင်နေသူတွေဖြစ်ပြီး အိမ်ခြံမြေအငှားဈေးကွက် လည်ပတ်မှုစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းဟာ အဆောင်အငှား ကဏ္ဍဖြစ်တယ်"လို့ ဦးနေမင်းသူက ဆိုပါတယ်။

iMyanmarHouse.com(အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝက်ဘ်ဆိုက်အရ အဆောင်ရှာဖွေလို့ရတဲ့ သီးသန့်ကဏ္ဍစတင်တဲ့ သြဂုတ် ၆ ရက်ကနေ သြဂုတ် ၂၇ ရက်ထိ ရက်သတ္တနှစ်ပတ်ကျော်ကာလအတွင်းလာရောက်ကြေညာသူ အဆောင်ပိုင်ရှင်ပေါင်း ၃၀ဝ ကျော်ခန့်ရှိနေပြီး အဆောင်ငှားဖို့ လာရောက်စုံစမ်းသူပေါင်း ၄၀ဝ၀ဝ နီးပါးရှိပြီဖြစ်တယ်လို့ ဦးနေမင်းသူက ပြောပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရန်ကုန်မြို့ရဲ့ အဆောင်နေလူဦးရေအချိုးအစားနဲ့ အဆောင်လိုအပ်ချက်ကို တွေ့မြင်နိုင်ပါတယ်။ အဆောင်နေသူတွေအနေနဲ့ အလုပ်နဲ့နီးတဲ့နေရာ၊လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေတဲ့နေရာနဲ့ မြို့ရဲ့အချက်အချာကျတဲ့ နေရာတွေကို အများစုရွေးချယ်နေထိုင်လေ့ရှိကြပါတယ်။

"အရင်က အဒေါ်အိမ်မှာနေပေမဲ့ သွားရတာဝေးတာနဲ့ လက်ရှိနေတဲ့အဆောင်ကိုရဖို့အချိန်တစ်လလောက်ပေးပြီး ရှာခဲ့ရတယ်။ ပထမနေတဲ့အဆောင်က ရေ၊ မီး အဆင်မပြေတာကြောင့် နှစ်လလောက်နေပြီး ထပ်ပြောင်းရတယ်။ အခုလို အဆောင်ရှာလို့ရတဲ့ အက်ပလီကေးရှင်းတွေ ရှိမှန်းလည်းမသိတော့ အဆောင်ရှာရတာ တော်တော်ခက်ခဲတာပေါ့။ အခုတော့ အရင်ကထက် ပိုအဆင်ပြေလာမယ်ထင်တယ်"လို့ မယမင်းခင်က ဆိုပါတယ်။

အဆောင်ငှားဖို့ အဆောင်ငါးခုလောက်ကို သွားကြည့်ခဲ့ရပြီး နှစ်လခန့်ကြာမှနေထိုင်ဖို့ အသင့်အတင့်အဆင်ပြေတဲ့ အဆောင်ကို ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းရွှေ့လာသူ မချစ်သက်ဝေက ပြောပါတယ်။

"အခုလို app တွေကနေတစ်ဆင့် လွယ်လွယ်ကူကူရှာလို့ရလာတော့ နယ်ကလာတဲ့သူတွေအတွက် ပိုအဆင်ပြေတာပေါ့။ ရွေးချယ်စရာလည်း ပိုများလာတယ်"လို့ သူကဆိုပါတယ်။

အဆောင်ငှားရမ်းခြင်း ဝန်ဆောင်မှုကဏ္ဍမှာ ငှားရမ်းသူများ ပိုမိုလုံခြုံစိတ်ချမှုရှိစေဖို့ အဆောင်တစ်ခုမှာရှိသင့်တဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေနဲ့အညီ လိုင်စင်ရယူထားခြင်းရှိမရှိနဲ့ နေထိုင်ရန် သင့်တော်ကောင်းမွန်တဲ့ အဆောင်ဖြစ်မဖြစ်တို့ကို စစ်ဆေးပြီး ကြော်ငြာပေးသွားမှာဖြစ်တယ်လို့ ဦးနေမင်းသူက ပြောပါတယ်။

" စိစစ်ပြီးသွားရင်တော့ ဒီအဆောင်က ယုံကြည်စိတ်ချလို့ရတယ်၊ တရားဝင်လိုင်စင် ရှိတယ်ဆိုတဲ့အကြောင်း ကြေညာပေးသွားမယ်၊ အဲဒီအခါကျရင်တော့ လာရောက်ကြော်ငြာသူတွေဆီကနေ ဝန်ဆောင်ခတွေ ကောက်ယူသွားမှာ ဖြစ်ပါတယ် "လို့ ၎င်းကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေအတွက် အဓိကထား လုပ်ဆောင်နေတာဖြစ်ပြီး တခြားပြည်နယ်နဲ့ တိုင်းတွေက ဝင်ရောက်ကြေညာသူတွေလည်း ရှိပါတယ်။

အွန်လိုင်းဝက်ဘ်ဆိုက်မှာ ကြေညာတဲ့အခါ အဆောင်ရှာဖွေသူတွေအတွက် တစ်နေရာတည်းမှာ မိမိစိတ်ကြိုက် အဆောင်ကိုကြည့်ရှုနိုင်ပြီး ကြိုက်နှစ်သက်တဲ့ အဆောင်တွေ့ရင် ပိုင်ရှင်နဲ့ တိုက်ရိုက်ဆက်သွယ် နိုင်ဖို့ ဖုန်းနံပါတ်နဲ့ လိပ်စာတွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။

ဒီဝက်ဘ်ဆိုက်ထဲမှာ အဆောင်ရှာချင်တယ်ဆိုရင်တော့ မိမိနေထိုင်လိုတဲ့ မြို့နယ်နဲ့ အမျိုးသမီး/အမျိုးသား အဆောင်ကို ရိုက်နှိပ်ပြီးအလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အဆောင်တည်နေရာ၊ ဓာတ်ပုံများ၊ အခန်းအကျယ်အဝန်း၊ ဆက်သွယ်ရန်လိပ်စာများနဲ့ ဈေးနှုန်းများကိုပါ တစ်ပါတည်း ကြေညာပေးထားတာကြောင့် ငှားရမ်းသူတွေအနေနဲ့ ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။

နောက်ထပ် အဆင်ပြေစေတဲ့အချက်တစ်ခုကတော့ ရန်ကုန်မြို့ကိုစရောက်ပြီး အသိမိတ်ဆွေ မများသေးတဲ့ အဆောင်ရှာဖွေနေထိုင် လိုသူတွေအတွက် ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လှည်းတန်းနဲ့ မြေနီကုန်းတစ်ဝိုက်မှာ အဆောင်အရေအတွက် ထူထပ်ပြီး နေထိုင်လိုသူများပါတယ်။

အခုဆိုရင်တော့ အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီကနေတစ်ဆင့် လွယ်ကူစွာရှာဖွေနိုင်ပြီး လုံခြုံစိတ်ချရမှု ရှိမရှိကိုလည်း စိစစ်နိုင်မှာ ဖြစ်ပါတယ်။ အဆောင်နေရင်းကတစ်ဆင့် သူငယ်ချင်းတွေနဲ့စုပေါင်းပြီး တိုက်ခန်းငှားနေချင်သူတွေအတွက်လည်း အဆိုပါဝက်ဘ်ဆိုက်ထဲမှာပဲ အလွယ်တကူ ရှာဖွေစုံစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

အဆောင်ရှာလို့ရတဲ့ အက်ပလီကေးရှင်းတွေ ထွက်ပေါ်လာပေမဲ့ အဆောင်လိုအပ်သူတွေအတွက် အမှန်တကယ် အသုံးဝင်ရဲ့လားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service