ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဒဂုံလေးမြို့နယ်မြို့နယ်များအတွင်းရှိအိမ်ခြံမြေဈေးနှုန်းများ အနိမ့်ဈေးဖြင့်အဝယ်ပြန်လိုက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
" ဈေးတွေကတော့အရင်ပေါက်ဈေးတွေထက် ထက်ဝက်နီးပါးလောက်အထိဈေးနဲ့အရောင်းအဝယ်လုပ်သူတွေကပြန်ကောက်နေကြတယ် ။ ခေါ်ဈေးထက် ခွာ ဝယ်ကြတယ်။အများစုကတော့ လမ်းမတန်းလိုနေရာက အိမ်တွေအဝယ်ပိုလိုက်လာတယ်''ဟု သုခစံရာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက အန်တီဝါကပြောသည်။
မြောက်ဒဂုံမြို့နယ်၏မြေကွက်နှင့်လုံးချင်းအိမ်ဈေးနှုန်းများမှာ( ပေ၄၀ x ပေ၆၀ )ကို ကျပ်သိန်း၇၀၀ဝန်းကျင် မှ ကျပ်သိန်း၎ထောင်လောက်အထိဈေးကွက်ရှိနေပြီး လက်ရှိတွင်ကျပ်သိန်းတစ်ထောင်ဝန်းကျင်မြေကွက်များအဝယ်လိုက်နေကြောင်း သိရသည်။ ဒါအပြင်တောင်ဒဂုံနှင့် ဒဂုံအရှေ့ပိုင်းမှမြေကွက်မှာလည်းကျပ်သိန်းတစ်ရာဝန်းကျင် မှ ကျပ်သိန်းသုံးထောင်လောက်အထိမြေကွက်များ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com