ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အမေရိကန်ဒေါ်လာလဲလှယ်နှုန်း အမြင့်ဈေးတွင် အချိန်ကြာမြင့်စွာမြင့်တက်နေပါက ဆောက်လုပ်ရေးဈေးကွက် အခန်းဈေးနှုန်းများမြင့်တက်လာနိုင်ကြောင်း Naing Gropu ဆောက်လုပ်ရေးကုမ္ပဏီက Deputy Managing Director ဦးထင်အောင်လင်း ကဆိုသည်။
ဆောက်လုပ်ရေးသုံးပစ္စည်းများကို ပြည်ပမှရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ တင်သွင်းအသုံးပြုနေပြီး အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမြင့်တက်ခြင်းနှင့်အတူ ဆောက်လုပ်ရေးသုံးပစ္စည်းဈေးမြင့်ကာ ကွန်ဒိုနှင့် တိုက်ခန်းဈေးများ တက်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် (Project) အသေး တစ်ခုတည်ဆောက်ရန် အချိန်တစ်နှစ်ခန့်ကြမြင့်ပြီး Project အလတ်များက အချိန် ၂ နှစ်နီးပါးကြာကာ Project အကြီးများက သုံးနှစ်မှလေးနှစ် အထိအချိန်ယူရ သောကြောင့် ဒေါ်လာဈေး အနည်းဆုံးခြောက်လနီးပါး ဆက်တိုက်မြင့်တက်မှသာ ဆောက်လုပ်ရေး လုပ်ငန်းကို ထိခိုင်နိုင်မည်ဖြစ်ကြောင်း Naing Gropu ဆောက်လုပ်ရေးကုမ္ပဏီက ဦးထင်အောင်လင်း ကရှင်းပြသည်။
အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်လာသည့်အတွက် ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများ ဈေးမြင့်ကာ အစိုးရနှင့်ပူးပေါင်းတည်ဆောက်သည့် အိမ်ရာစီမံကိန်းများ တွက်ခြေမကိုက်သည့်အတွက် အကျိုးအမြတ်ခွဲဝေမှု ပြန်သတ်မှတ်ပေးရန် ယခုနှစ်မကုန်မီ သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ထံမှသိရသည်။
အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများသည် သြဂုတ်လ ၁၄ ရက်နေ့မှစတင်၍ တစ်ဟုန်ထိုးမြင့်တက်ကာ တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်ကျော်အထိ ရောက်ရှိခဲ့ပြီးလက်ရှိတွင်လည်းဈေးနှုန်းမငြိမ်သက်ပဲအမြင့်ဈေးတွင်ဆက်လက်ဖြစ်ပေါ်နေကြောင်းသိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com