ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကွန်ဒိုနည်းဥပဒေအတည်ပြုပြီးပါက ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားမှ ၄၀ ရာခိုင်နှုန်းဝယ်ယူခွင့်ရရှိမည်ဖြစ်သောကြောင့် အိမ်ရာဈေးကွက်လှုပ်ရှားလာပြီး ဆောက်လုပ်ရေးလုပ်ငန်းများတိုးတက်လာမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောသည်။
“ကွန်ဒိုနည်းဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်ကို တင်လိုက်ပြီ။ကွန်ဒိုနည်းဥပဒေက အတည်ပြုဖို့ဘဲ ကျန်တော့တယ်လက်ရှိမှာလွှတ်တော်ဘက်ကအဆင့်ဆင့်လိုအပ်တာတွေကိုပြင်ဆင်နေတယ် ဒီနှစ်မကုန်ခင်အတည်ပြုပြီးထွက်လာမယ်။”ဟုဦးယုခိုင်ကဆိုသည်။
ကွန်ဒိုဥပဒေမှာ ၂၀၁၇ခုနှစ်၊၁လပိုင်း၁၆ရက်နေ့တွင်ထွက်ရှိထားပြီး ယခုကွန်ဒိုနည်းဥပဒေထွက်ရှိပါက ကွန်ဒိုတိုက်ခန်းများကို နိုင်ငံသားက ၆၀ရာခိုင်နှုန်း၊နိုင်ငံခြားသားက ၄၀ရာခိုင်နှုန်းဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီးလူတစ်ဦးလျှင်၂၀ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ပြုသွားမည်ဖြစ်သည်။
လက်ရှိဈေးကွက်အတွင်း အိမ်ခြံမြေအခြေအနေသည် အငှါးပိုင်းနှင့်တန်ဖိုးနည်းမြေ ကွက်အချိုအရောင်းအဝယ်ရှိနေပြီးတန်ဖိုးမြင့်တိုက်ခန်းများနှင့်လုံးချင်းများမှာဈေးကွက်အေးလျက်ရှိကြောင်းဈေးကွက်အတွင်းမှသိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com