စက်တင်ဘာ ၃ ရက် တွင် စတင်ခွင့်ပြုမည့် ရွှေနှင့် လက်ဝတ်ရတနာပစ္စည်းများတင်သွင်း၊ တင်ပို့မှုကို ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရွှေလုပ်ငန်းရှင်အသင်း နှစ်ခုပူး ပေါင်းဆောင်ရွက်မည်ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။
‘‘အခုလို တရားဝင်ခွင့်ပြုပေး လိုက်တဲ့အတွက် တခြားအများ ပိုင်ကုမ္ပဏီတွေအနေနဲ့လည်း ရွှေ နဲ့ပတ်သက်တဲ့ တင်ပို့၊ တင်သွင်းမှု လုပ်ကိုင်ခွင့်လျှောက်ပြီးတော့ လုပ်မယ်ဆိုရင်ရလာမှာပါ။ ရန်ကုန်နဲ့ မန္တလေးရွှေအသင်းတွေကလည်း ပူးပေါင်းပြီးတော့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ လုပ်သွားမှာ ဖြစ်ပါတယ်’’ဟု ဦးတင်ထွန်းက ပြော သည်။
ရွှေနှင့် လက်ဝတ်ရတနာများ ပြည်ပတင်ပို့၊ တင်သွင်းခြင်းကို တစ်နေရာတည်းအပြီးဆောင် ရွက်ပေးမည့် (One Stop Service) ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Culture Valley တွင် စက်တင်ဘာ ၃ ရက်၌ စတင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
‘‘ရွှေဈေးကွက်ကိုမြှင့်တင်ဖို့ အရင်လုပ်မှာပါ။ ရောင်းဝယ်တာ တွေ အကုန်လုံးကို လက်ရေးနဲ့ စာရွက်ပေါ်မှာ မှတ်တာတွေ မ သွားတော့ဘဲ ကွန်ပျူတာစနစ်နဲ့ပဲ သွားမှာ ဖြစ်ပါတယ်။ ပြီးရင် စပေါ် ငွေတွေတင်မယ်။ ပြီးမှ ရွှေဈေး ကွက်မြှင့်တင်ရေးအတွက် ဆက် လုပ်မယ်။ အခုတော့ ဆက်တိုက် လုပ်နေပါတယ်’’ဟု ဦးတင်ထွန်း က ပြောသည်။
Credit: 7Daydaily