စမ်းချောင်းနှင့် ဗိုလ်တထောင်မြို့နယ်မှ လူကူးခုံးကျော် တံတား ဆောက်လုပ်မှုအခြေအ နေမှာ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး ၍ စက်တင်ဘာလကုန် အပြီး ဆောက်လုပ်မည်ဖြစ်ကြောင်း တာဝန်ယူဆောက်လုပ်နေသည့် မြသက်တင်ကုမ္ပဏီ စီမံကိန်းဒါ ရိုက်တာ ဦးအောင်ညိုသက်က ပြောသည်။
စမ်းချောင်းမြို့နယ် ပြည်လမ်း(မဟာမြိုင်နှင့် အထက(၂) စမ်းချောင်း ကျောင်းရှေ့) တွင် လူကူးခုံးကျော်တံတားကို ယခုနှစ် မတ်လကစတင်၍ ကျပ်သန်း ၅၇၀ ကျော် အကုန်အကျခံကာ ဆောက်လုပ်ခြင်းဖြစ်သည်။
လက်ရှိတွင် စမ်းချောင်းလူ ကူးခုံးကျော်တံတား ထရန်စဖော်မာတပ်ဆင်ခြင်း၊ လက်ရန်း များကာရံခြင်း၊ လှေကားများကို မှန်များဖြင့် ကာရံခြင်း၊ စက်လှေ ကားလက်ရန်းများ တပ်ဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန်သာ ကျန်ရှိတော့ကြောင်း ဦးအောင် ညိုသက်က ပြောသည်။
စမ်းချောင်းလူကူးတံတားမှာ အရှည် ၉၁ ပေခန့်ရှိပြီး စက်လှေကား(အတက်သီးသန့်) တစ်ဖက်လျှင် တစ်စင်းစီဖြင့် စုစုပေါင်း နှစ် စင်းပါရှိမည် ဖြစ်သည်။
‘‘စမ်းချောင်းက တံတားက တော့ ကလေးတွေကျောင်းဆင်း တာတွေရှိတော့ လိုအပ်ပါတယ်။ တစ်ခုပဲ။ ဒီမှာက ခုံးကျော်တံတား တွေ ဆောက်တယ်။ လူတွေက တံတားပေါ်က မကူးတာပဲ ရှိ တယ်’’ဟု လှိုင်မြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက သုံးသပ် ပြောသည်။
ထို့ပြင် ဗိုလ်တထောင်လူကူး တံတားကို ယခုနှစ် မတ်လကစတင်၍ ကျပ်သန်း ၇၂၀ ကျော် အကုန်အကျခံကာဆောက်လုပ်နေပြီး ထရန်စဖော်မာ တပ်ဆင်ခြင်း၊ အမိုးဒိုင်းများ တပ်ဆင်ခြင်း၊ လျှောက်လမ်းကြွေပြားခင်းခြင်း လုပ်ငန်းများလုပ်ဆောင် ကျန်သေးကြောင်း ဦးအောင်ညိုသက် က ဆိုသည်။
ဗိုလ်တထောင် လူကူးတံ တားမှာ အရှည် ၁၇၄ ပေခန့်ရှိပြီး စက်လှေကား(အတက်သီးသန့်)တစ်ဖက်လျှင် တစ်စင်းစီဖြင့် စုစုပေါင်း နှစ်စင်းပါရှိမည် ဖြစ်သည်။
‘‘ဗိုလ်တထောင်က ကမ်းနားလမ်းဟောင်းရော၊ လမ်းသစ်ရော ဖြတ်ဆောက်တဲ့အတွက် ပိုရှည် သွားတာပါ’’ ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရွှေတိဂုံစေတီအနောက် ဘက်မုခ်တွင်လည်းကောင်း၊ ပြည်လမ်း ရှစ်မိုင် ခုံးကျော်တံတား အဆင်းတွင်လည်းကောင်း၊ စမ်း ချောင်း၊ ကမာရွတ်နှင့် ဗိုလ်တ ထောင်မြို့နယ် စသည့်နေရာတို့ တွင် လူကူးတံတားများဆောက် လုပ်ရန် ရန်ကုန်တိုင်းလွှတ်တော် သို့ သက်ဆိုင်ရာလွှတ်တော်ကိုယ် စားလှယ်များက တင်ပြခဲ့ခြင်း ဖြစ်သည်။
သို့သော် စမ်းချောင်းနှင့် ဗိုလ်တထောင်မြို့နယ်အတွက်သာ တိုင်းလွှတ်တော်က ခွင့်ပြုခဲ့သည်။
ရန်ကုန်မြို့တွင်း၌ ဆောက် လုပ်ပြီးစီးသည့် လူကူးခုံးကျော် တံတား ၁၁ စင်းရှိပြီး အထက်ပါ တံတားနှစ်စင်းမှာ ဆောက်လုပ် နေဆဲဖြစ်၍ စုစုပေါင်း ၁၃ စင်းရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစာရင်း၌ ဖော်ပြထားသည်။
Credit: 7Daydaily