ဗဟိုဘဏ်က ကျပ်ငွေအပေါင်ထားစနစ်ဖြင့် ကန်ဒေါ်လာ သန်း ၁၀၀ မှ ၂၀၀ ကြား ထုတ်ချေးမည်

ဗဟိုဘဏ်က ကျပ်ငွေအပေါင်ထားစနစ်ဖြင့် ကန်ဒေါ်လာ သန်း ၁၀၀ မှ ၂၀၀ ကြား ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
20 Aug 2018 11:03 am တွင် တင်ခဲ့သည်
8668 ကြိမ် ကြည့်ရှု့ပြီး
ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို လာမည့်သီတင်းပတ် အတွင်း ကန်ဒေါ်လာသန်း ၁၀၀ မှ ၂၀၀ ကြား ထုတ်ချေးရန် စီစဉ်နေ ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဂ္ဂလိကဘဏ်များကို ကျပ်ငွေအပေါင်ထားပြီး ကန်ဒေါ်လာ ထုတ် ချေးသည့်စနစ်ကို ကျင့်သုံးမည်ဟု ဩဂုတ် ၁၆ ရက်တွင် နိုင်ငံပိုင် သတင်းမီဒီယာမှတစ်ဆင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးစိုးသိန်းက ပြော ကြားသည်။

လက်ရှိပုဂ္ဂလိကဘဏ်များသို့ လေလံဈေးကွက်ဖြင့် ရောင်းချ နေမှုကိုလည်း ဩဂုတ် ၂၀ ရက်တွင် ကန်ဒေါ်လာသန်းဂဏန်းအထိ ဆက်လက်ရောင်းချမည်ဟု ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။ ဩဂုတ် ၁၇ ရက်တွင် လေလံဈေးကွက်ဖြင့် ဗဟိုဘဏ်မှ ကန်ဒေါ်လာ ၂၅ သန်းဝယ်ယူရန် ပုဂ္ဂလိကဘဏ်များက တင်ပြသော်လည်း ဗဟို ဘဏ်က ဒေါ်လာ ၁,၀၀၀ သာ ရောင်းချပေးသည်။

ဗဟိုဘဏ်က လေလံဈေး ကွက်ဖြင့် ဒေါ်လာရောင်းချပေး ခြင်း၊ တစ်ဆင့်ခံကုန်သွယ်ရေး ခေတ္တဆိုင်းငံ့ခြင်းတို့အပြင် ကန် ဒေါ်လာသန်းပေါင်းများစွာ ထုတ် ချေးမည့်အစီအစဉ်များကြောင့် ပြည်တွင်း ငွေကြေးဈေးကွက် တွင် ကန်ဒေါ်လာတန်ဖိုး တစ်ဒေါ် လာလျှင် ၂၅ ကျပ်ခန့်ဈေးကျဆင်း ခဲ့သည်။

ဩဂုတ် ၁၇ ရက်နံနက် ဈေး ဖွင့်ချိန်တွင် တစ်ဒေါ်လာကျပ် ၁,၅၄၀ ဖြင့် စတင်ခဲ့သော်လည်း ညနေဈေးပိတ်ချိန်တွင် ၁,၅၁၅ ကျပ်သို့ကျဆင်းခဲ့သည်။ ပြည် တွင်းငွေကြေးဈေးကွက်တွင် ကန် ဒေါ်လာတန်ဖိုးသည် ဗဟိုဘဏ်၏ ဆောင်ရွက်ချက်များကြောင့် ဆက်လက်ကျဆင်းနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ခန့် မှန်းနေသည်။

မြန်မာနိုင်ငံ ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ဈေးကစား လို၍ ဈေးဆွဲတင်ခြင်း၊ ဈေးမြင့် တက်မည်စိုးရိမ်၍ အ၀ယ်များ ခြင်းတို့ကြောင့် ဩဂုတ် ၁၅ ရက် တစ်ရက်အတွင်း တစ်ဒေါ် လာကျပ် ၄၀ ခန့်မြင့်တက်ပြီး ဩ ဂုတ် ၁၆ ရက်နေ့လယ်တွင် တစ် ဒေါ်လာကျပ် ၅၀ ခန့်မြင့်တက် သည်။ ထို့နောက်ယင်းညနေတွင် တစ်ဒေါ်လာ ၄၅ ကျပ်ခန့် ပြန်လည်ကျဆင်းလာသည်။

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် တစ်ရက်အတွင်းကန် ဒေါ်လာတန်ဖိုး အပြောင်းအလဲ မြန်ဆန်ခြင်းကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ လုပ် ငန်းလုပ်ကိုင်နိုင်ခြင်းမရှိကြောင်း ထိုင်းနယ်စပ်မှ ကုန်ပစ္စည်းများ တင်သွင်းနေသည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ဒေါ်လာဈေး စံချိန်တင်မြင့် တက်ကာ အတက်၊ အကျကြမ်း နေသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ် ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေသည်။

သွင်းကုန်လုပ်ငန်းများအနေ ဖြင့် ပစ္စည်းမှာယူစဉ်နှင့် ကုန် ပစ္စည်းရောက်ရှိချိန်တွင် ဒေါ်လာ တန်ဖိုးမြင့်တက်ခြင်းကြောင့်ကျပ် ငွေကို မူလတွက်ထားသည့်ပမာ ဏထက်ပိုမိုပေးချေရသဖြင့် အ ခက်ကြုံကြောင်း သွင်းကုန်လုပ် ငန်းရှင်အချို့က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service