ကမ္ဘာတစ်ဝန်းတွင် ရုံးခွဲပေါင်း ၄၀၀ ကျော်ရှိကာ ဝန်ထမ်းပေါင်း ၁၄၀၀၀ (၂၀၁၈) ခန့်ရှိပြီး ၁၈၉၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော လန်ဒန်အခြေစိုက် ကမ္ဘာကျော် အိမ်ခြံမြေကုမ္ပဏီကြီး Knight Frank (KF) သည် ၎င်းတို့ အရောင်းဈေးကွက်တင်ထားသော ကျေးလက်ဒေသရှိ အိမ်ခြံမြေများ ရောင်းထွက်ရန်အတွက် ဒေးဗစ်ဘက်ခမ်းကို ငှားရမ်းခဲ့ဖူးသည်ဟု ဆိုသည်။
Knight Frank သည် ဒေးဗစ်ဘက်ခမ်းသာမက Gucci ၏ Creative Director နှင့် ကမ္ဘာကျော်သရုပ်ဆောင် ပက်ထရစ် ဒမ့်ပ်ဆေးတို့ကိုလည်း ငှားရမ်းခဲ့သေးသည်။
ဘက်ခ်- KF လက်တွဲမှုမှာ ဘက်ခမ်းအတွက် ဖက်ရှင်နယ်သစ်ချဲ့ထွင်နိုင်ခြင်းတစ်မျိုးလည်း ဖြစ်သည်။
ဒေးဗစ်ဘက်ခမ်းသည် ကျေးလက်စံအိမ်ကြီးတစ်ခုကိုလည်း ဝယ်ယူထားခဲ့သေးသည်။
“အဲဒါက ရှေးဟောင်းနေအိမ်ကြီးတစ်လုံးပါ။ ကျွန်တော်က ပြန်လည်မွမ်းမံခဲ့ပါတယ်။ မွမ်းမံပြီးသွားရင်တော့ လူနေကြမ်းခင်းဧရိယာ အများကြီးရလာမှာပါ” ဟု ဘက်ခမ်းက ဆိုသည်။
ဒေးဗစ်ဘက်ခမ်းတို့မိသားစုသည် ပြင်သစ်နိုင်ငံတောင်ပိုင်းနှင့် လော့စ်အိန်ဂျလိတို့တွင်လည်း နေအိမ်များ ပိုင်ဆိုင်ထားသည်။
ပြင်သစ်နိုင်ငံရှိ ဘာဂျီမွန်ကျေးရွာတွင် အိပ်ခန်း ၆ ခန်းပါနေအိမ်ကို ဝယ်ယူခဲ့ပြီး Beckingham Palace-sur-Mer’ ဟု အမည်ပေးခဲ့သည်။
အဆိုပါနေအိမ်ကို ၂၀၀၃ ခုနှစ်အတွင်း ပေါင် ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ပေါင် ၅ သန်းခန့် သုံးစွဲကာ ပြုပြင်မွမ်းမံမှုများလည်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။
ပြုပြင်မှုများ ပြုလုပ်ခဲ့သော်လည်း သွားရောက်နေထိုင်ခဲ့ဖူးခြင်းမျိုး မရှိသလောက်ဖြစ်သည်။
ယင်းနောက်တွင်ကား ပေါင် ၂ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ရာ များစွာအရှုံးပေါ်ခဲ့သည်ဟု ဆိုနိုင်သည်။
၂၀၀၇ ခုနှစ်အတွင်းတွင်လည်း လော့စ်အိန်ဂျလိတွင်ရှိသော အီတလီဗိသုကာဟန်နေအိမ်ကို ပေါင် ၁၄ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ပြန်သည်။
အဆိုပါနေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၃၀၀၀ ရှိပြီး အိပ်ခန်း ၉ ခန်း ပါဝင်သည်။
ယင်းနောက် ပေါင် ၂၄ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်ခဲ့ရာ ပေါင် ၉ ဒသမ ၃ သန်းခန့် မြတ်စွန်းခဲ့သည်ဟု ဆိုနိုင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)