နယ်သာလန်အခြေစိုက် ဆိုလာစွမ်းအင်မြှင့်တင်ရေးဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီ Solar Plaza က အရှေ့တာင်အာရှဒေသတွင်း လုပ်ငန်းလည်ပတ်လျက်ရှိသည့်
အကြီးဆုံးဆိုလာစွမ်းအင် (နေရောင်ခြည်စွမ်းအင်) စက်ရုံ ၂၅ ခုအား
မကြာသေးမီက စာရင်းထုတ်ပြန်၍ ရာခိုင်နှုန်းချကြည့်ခဲ့သည့်အခါ ၅၂ ဒသမ ၇
ရာခိုင်နှုန်းက ထိုင်းနိုင်ငံတွင် တည်ရှိပြီး ၄၅ ဒသမ ၂ ရာခိုင်နှုန်းက ဖိလစ်ပိုင်၌
တည်ရှိကာ ၁ ဒသမ ၄ ရာခိုင်နှုန်းက မလေးရှားတွင် တည်ရှိပြီး ၀ ဒသမ ၇
ရာခိုင်နှုန်းက ကမ္ဘောဒီးယား၌ တည်ရှိကြောင်း တွေ့ရှိခဲ့သည်။
အရှေ့တောင်အာရှ၏ အကြီးဆုံးဆိုလာစွမ်းအင်စက်ရုံ ၁၀ ခုအနက် ၆ ခုက
ထိုင်းနိုင်ငံတွင် တည်ရှိပြီး ၄ ခုက ဖိလစ်ပိုင်နိုင်ငံတွင် တည်ရှိသည်။
အချိန်တိုအတွင်း အထင်ကြီးဖွယ်ရာ ဖွံ့ဖြိုးတိုးတက်လာသည့် အရှေ့တောင်အာရှ
ဒေသတွင် ထိုင်းက ဒေသတွင်း အခြားနိုင်ငံများထက် ဆိုလာစွမ်းအင်
ပိုမိုထုတ်လုပ်နိုင်သည့် နိုင်ငံအဖြစ် ရပ်တည်လာပြီဖြစ်သည်။
ဒေသတွင်း၌ ဆိုလာစွမ်းအင် ထုတ်လုပ်သည့် စက်ရုံ အများဆုံး တပ်ဆင်တည်
ဆောက်ထားသည့် ထိုင်းနိုင်ငံ၏ ဆိုလာစွမ်းအင် ထုတ်လုပ်နိုင်စွမ်းမှာ ၂၀၁၀
ပြည့်နှစ်က ၆ ဒသမ ၀၅ မဂ္ဂါဝပ်သာ ရှိခဲ့ရာမှ ယခုအခါ ၇၂၉ ဒသမ ၄ မဂ္ဂါဝပ်သို့
တစ်ဟုန်ထိုးတိုးတက် များပြားလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရသည် ဆိုလာစွမ်းအင်စနစ်မြှင့်တင်ရေးတွင် အလွန်အားပေး
ဖော်ဆောင်လာသည်ကို တွေ့ရပါသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံးဆိုလာစွမ်းအင်စီမံကိန်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း
လမ်ပန်ပြည်နယ်ရှိ 128 MW EA Solar Lampang စီမံကိန်းဖြစ်သည်။
၎င်းစီမံကိန်းကို Energy Absolute Public Company Limited က
အကောင်အထည်ဖော်စီမံဆောင်ရွက်လျက်ရှိပါသည်။ Energy Absolute Public
Company Limited သည် အရှေ့တောင်အာရှ၏ အကြီးဆုံးဆိုလာစွမ်းအင်
စက်ရုံ ၁၀ ခုတွင် အပါအဝင်ဖြစ်သည့် ၄ ခုကို တည်ဆောက်ထားပြီးဖြစ်သည်။
ထိုင်းက နိုင်ငံ့စွမ်းအင်သုံးစွဲမှု၏ ၃၀ ရာခိုင်နှုန်းအား ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်
ဖြစ်စေရန်အလို့ငှာ ၂၀၃၆ ခုနှစ်မကုန်မီ ဆိုလာစွမ်းအင်ထုတ်လုပ်နိုင်စွမ်း ၆
ဂစ်ဂါဝပ် ရှိလာရန် ရည်ရွယ်ထားကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com