ရွှေနှင့် လက်ဝတ်ရတနာ များ ပြည်ပတင်ပို့၊ တင်သွင်းခြင်း ကို တစ်နေရာတည်းအပြီး ဆောင်ရွက်ပေး (One Stop Service) ကိုရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Cu-lture Valley ၌ စက်တင်ဘာ ၃ ရက်တွင် စတင်ဆောင်ရွက်မည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၄ ရက်၌ ထုတ်ပြန်ကြေညာ သည်။
အစိုးရက ရွှေ ပြည်ပတင်ပို့၊ တင်သွင်းခြင်းကို ယခုနှစ်ဇန်နဝါရီ တွင် ပထမဆုံးအကြိမ် တရားဝင် ခွင့်ပြုကြောင်း ကြေညာပြီး ခုနစ် လအကြာ အမှန်တကယ် တင် ပို့နိုင်ရန် အစိုးရက ဆောင်ရွက် လာခြင်းဖြစ်သည်။
ရွှေတင်သွင်းခြင်း၊ ရွှေတင် ပို့ခြင်းကို ဈေးကွက်လိုအပ်ချက် အရ ပြုလုပ်ရန် ရွှေဈေးကွက်စောင့်ကြည့်အကဲဖြတ် ထိန်းညှိ ရေးကော်မတီဖွဲ့ရန် လိုအပ်သည် ဟု အစိုးရက ဆိုထားသည်။ ထို ကော်မတီဖွဲ့ရန် အချိန်ခုနစ်လယူ ပြီးနောက် ရွှေတင်ပို့၊ တင်သွင်း ခြင်းကို တရားဝင်စတင်ရန် ကြေ ညာခြင်းဖြစ်သည်။
‘‘ရွှေဈေးက တင်ပို့နိုင်ဖို့က ချက်ချင်းဖြစ်မယ် မထင်သေး။ အခုကလည်း တရုတ်က အဝင် များနေတယ်။ ဒါကို တရားဝင် လမ်းကြောင်းပေါ်ရောက်အောင် လုပ်နိုင်ရင် အစိုးရလည်း အခွန် ရတာပေါ့’’ဟု ရွှေလုပ်ငန်းရှင် ဦးမင်းမင်းက ပြောသည်။
ထိုကော်မတီသည် ရွှေတင် သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ရွှေ ဈေးကွက်ကို ထိန်းညှိပေးရန်၊ ဝယ်လိုအား၊ ရောင်းလိုအား ချိန် ညှိရန်နှင့် တင်ပို့ခြင်း၊ တင်သွင်း ပမာဏ၊ စံချိန်၊ ဈေးနှုန်းနှင့်တန်ဖိုး တို့ သတ်မှတ်ရန် ရွှေဈေးကွက် စောင့်ကြည့်အကဲဖြတ် ထိန်းညှိ ရေး ဆောင်ရွက်မည်ဖြစ်သည်။
အမေရိကန် ဒေါ်လာဈေး တက်နေခြင်းကြောင့် ပြည်တွင်း ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် မြင့်တက်နေသဖြင့် တရုတ်နယ် စပ်မှ ရွှေများ ပြည်တွင်းသို့ ဝင် ရောက်နေကြောင်း ရွှေလုပ်ငန်း ရှင်များက ပြောသည်။
ရွှေများကို တင်သွင်း၊ တင်ပို့ ရာတွင် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ဂိတ်များက ပြုလုပ်နိုင်ပြီး အကောက်ခွန်၊ ကုန် သွယ်လုပ်ငန်းခွန်၊ အထူးကုန် ပစ္စည်းခွန်များ ပေးဆောင်ရမည် ဖြစ်သည်။
Credit: 7Daydaily