ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိတ်ဝင်စားမှု အဆိုပြုလွှာ ဖိတ်ခေါ်ထားကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်ရှိ အကျယ်အဝန်း (၁၈၃) ဧကရှိသော မြေနေရာတွင် နိုင်ငံ့ဝန်ထမ်း အိမ်ရာစီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းတွင် ဇုန်အလိုက်နိုင်ငံ့ဝန်ထမ်း၊ပြည်သူ့ဝန်ထမ်း၊အိမ်ရာများအပြင် စီးပွားရေးဆိုင်ရာအဆောက်အဦများ၊ဈေးဝယ်စင်တာ၊အဆင့်မြင့် လူနေအိမ်များနှင့်ယာဉ်ရပ်နားရန် နေရာများ ဖော်ဆောင်ရန် စီစဉ်ထားကြောင်းသိရသည်။အဆိုပါ စီမံကိန်းအားပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကုမ္ပဏီများအား စိတ်ဝင်စားမှု အဆိုပြုလွှာ (EoI)တင်သွင်းရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။
စိတ်ဝင်စားမှုအဆိုပြုလွှာ (EoI) တင်သွင်းရန် စည်းကမ်းချက်များ လုပ်ထုံးလုပ်န်ညးများ ဗိသုကာဆိုင်ရာ Master Plan နှင့် လျှောက်လွှာပုံစံများကို တစ်စုံလျှင် (၅ဝဝဝဝ)ကျပ်နှုန်းဖြင့် (၁၃.၈.၂ဝ၁၈) မှ (၁၇.၈.၂ဝ၁၈) အထိ ရုံးချိန်အတွင်းလာရောက်ဝယ်ယူနိုင်ပါသည်။အဆိုပြုလွှာလျှောက်လွှာများအား သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး လျှောက်လွှာ တန်ဖိုးအား ပြန်လည် ထုတ်ပေးမည် မဟုတ်ပါ။
အိတ်ပိတ်ထားသည့် အဆိုပြုလွှာ များအား (၇.၉.၂ဝ၁၈)ရက်နေ့ နေ့လည် (၁၂)နာရီ မတိုင်မီ ပေးပို့ရမည်ဖြစ်သည်။
အခန်းအမှတ်(၂၂၂)၊ရန်ကုန်တိုင်းဒေသကြီးဒအစိုးရအဖွဲ့ရုံး၊အလုံလမ်း၊ဒဂုံမြို့နယ်တွင် လျှောက်လွှာ များအား ထုတ်ယူနိုင်ပြီးထိုလိပ်စာအတိုင်း ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို
သိရှိလိုပါက ဖုန်းနံပါတ်-(ဝ၉၄၄၈၁၄၄၇၄၄ နှင့် ဝ၉၄၄၈၁၄၄၇၅၅) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Credit: Myanmar Alinn