သတ်မှတ်ရက်မှာ လာရောက်ဆက်သွယ်ခြင်းမရှိတဲ့ ပြည်သူ့ အိမ်ရာဝယ်ယူခွင့်ရသူတွေကို ဝယ်ယူခွင့်စာရင်းမှ ပယ်ဖျက်သွားမယ်လို့အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်မှုကော်မတီထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းက ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ မြို့နယ်တွေမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ အိမ်ရာတွေထဲက ပြီးစီးသွားသည့် တိုက်ခန်းတွေကို တိုင်းအစိုးရအဖွဲ့ကြီးကြပ်မှုနဲ့ ထုတ်ရောင်းခဲ့တဲ့နေရာမှာ ဝယ်ယူခွင့်ရယူ ၇၂၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။
ဝယ်ယူခွင့်ရသူတွေအနေနဲ့ တိုက်ခန်းတန်ဖိုးငွေပေးသွင်းနိုင်ရေးနဲ့ အချက်အလတ်များစီစစ်ဆောင်ရွက်နိုင်ဖို့ ၂၀၁၈ သြဂုတ်လ ၂၁ ရက်နေ့အထိ မြိ့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှုးရုံးကို ဆက်သွယ်ကြဖို့ အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
ယင်းသတ်မှတ်ရက်မှာ ဆက်သွယ်ခြင်းမရှိသူတွေကို ဝယ်ယူခွင့်စာရင်းမှ ပယ်ဖျက်သွားမှာဖြစ်တယ်လို့ အိမ်ရာစီမံကိန်းများရောက်ချရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားတာပါ။
အဆိုပါအိမ်ရာတိုက်ခန်းတွေကို တိုင်းအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပူးပေါင်းအကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီးလက်ရှိမှာပထမ အသုတ်အနေနဲ့တိုက်ခန်းတွေကိုရောင်းချပေးခဲ့တာလည်းဖြစ်ပါတယ်။
Credit: SFJ Strategy First Journal