မြန်မာ လိုင်စင်ကန်ထရိုက်တာအဖွဲ့ချုပ် နှင့်နီပေါဆောက်လုပ်ရေး လုပ်ငန်း ရှင်များ အသင်းချုပ်တာဝန်ရှိသူ များနီပေါနိုင်ငံKathmandu မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နားလည်မှုစာချွန်လွှာကို ချုပ် ဆိုနိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
နီပေါ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းချုပ် President Mr Bahai Shrestha နှင့် ဘုတ် အဖွဲ့ဝင်များ ၊ နီပေါကုန်သည်ကြီး များအသင်းချုပ် Chaireman Mr Rajesh Kaziv Shrestha နှင့် တာဝန်ရှိသူများအား မြန်မာလိုင် စင်ကန်ထရိုက်တာအဖွဲ့ချုပ်ပြည်ပ ရေးရာဆက်ဆံရေးကော်မတီမှ ဦကိုကိုလတ်ဦးဆောင်၍ ဩဂုတ် ၁၀ ရက်တွင်နီပေါနိုင်ငံKathm-andu မြို့ရှိ ၄င်းတို့အသင်းချုပ် ရုံးခန်းတွင် သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်ပစ္စည်း များအားနီပေါနိုင်ငံဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေး ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွား လုပ်ငန်းများနှင့်အခြား စီးပွားရေး ကဏ္ဍများကို အကျိုးတူလုပ်ကိုင် နိုင်ရန်ဆွေနွေးခဲ့ကြခြင်းဖြစ် သည်။
မြန်မာလိုင်စင်ကန်ထရိုက် တာအသင်းနှင့် နီပေါဆောက်လုပ်ရေးလုပ်ငန်ရှင်အသင်းချုပ်တို့ နားလည်မှုစာချွန်လွှာကို တစ်လ အတွင်း ချုပ်ဆိုနိုင်ရန် သဘောညီခဲ့ ကြောင်းသိရသည်။
Credit: Democracytoday