ရန်ကုန်မြစ်အနောက်ဘက်ကမ်းမှာ အကောင်အထည်ဖော်မည့် စက်မှုဖွံ့ဖြိုးမှုနယ်မြေ တည်ဆောက်ရေးကိစ္စနှင့် စပ်လျဉ်းပြီး တိုင်းအစိုးရနှင့် Myanmar Wooree ကုမ္ပဏီတို့အကြား MOU လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “ရန်ကုန်ကိုစီးပွားရေးမြို့တော်
ကြီးဖြစ်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေမှာ မြို့တော်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ Project တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရကြားမှာ နားလည်မှုစာ ချွန်လွှာလက်မှတ် ရေးထိုးနိုင်ခြင်းဟာ ကျွန်တော်တို့ရဲ့ပထမခြေလှမ်း တစ်ခုကို စတင်နိုင်ခြင်းပဲဖြစ်ပါတယ်” လို့ပြောဆို
ပါတယ်။
စက်မှုဖွံ့ဖြိုးမှုနယ်မြေအဖြစ် ဆောင်ရွက်မယ့်နေရာမှာ ရန်ကုန်မြစ်အနောက်ဖက်ကမ်းမှာတည်ရှိပြီိး မကြာခင် တည်ဆောက်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား တည်ဆောက်မည့်ဧရိယာ တံတားအဆင်းနေ ရာမှာတည်ရှိတဲ့ စက်မှုဧရိယာတစ်ခုဖြစ်လာမှာဖြစ်တယ်လို့ သိရပါတယ်။
တံတားကြီးတည်ဆောက်လိုက်ပါက Wooree နဲ့ ဆောင်ရွက်မယ့် စက်မှုဇုန်ဧရိယာဟာ အလွန်အင်မတန်ကို ကောင်းတဲ့နေရာတစ်ခု ဖြစ်လာမှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာ များစွာအထောက်အကူဖြစ်မှာလို့ လည်း တိုင်းဝန်ကြီးချုပ်က ဖြည့်စွပ်ပြောဆိုသွားပါတယ်။
Credit: SFJ Strategy First Journal