ကျပ်ငွေတန်ဖိုးတက်ရန် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရ ပုဂ္ဂလိကဘဏ်များသို့ ဗဟိုဘဏ် ဒေါ်လာထုတ်ချေးမည်

ကျပ်ငွေတန်ဖိုးတက်ရန် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရ ပုဂ္ဂလိကဘဏ်များသို့ ဗဟိုဘဏ် ဒေါ်လာထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
13 Aug 2018 10:34 am တွင် တင်ခဲ့သည်
2723 ကြိမ် ကြည့်ရှု့ပြီး
ကျပ်ငွေတန်ဖိုးတက်စေရန် နိုင်ငံခြားငွေရောင်းဝယ်ခွင့်လိုင်စင်ရထားသည့် ပုဂ္ဂလိကဘဏ်များအား အမေရိကန်ဒေါ်လာများထုတ်ချေးပေးရန် ဗဟိုဘဏ်က စီစဉ်နေကြောင်းဗဟိုဘဏ်အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ အကြားအထိ ပုဂ္ဂလိကဘဏ်များသို့ချေးငွေပေးရန် စီစဉ်ထားပြီး အတိုးနှုန်းသတ်မှတ်ချက်ကို ညှိနှိုင်းဆွေးနွေးနေကြောင်း ၎င်းကပြောသည်။ နိုင်ငံခြားငွေလိုအပ်သည့် ပုဂ္ဂလိကဘဏ်များသို့ အချိန်အကန့်အသတ်ဖြင့်ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ ပြည်တွင်းငွေကြေးဈေးကွက်တွင်ကျပ်ငွေတန်ဖိုးတက်ပြီး ငွေလဲနှုန်းတည်ငြိမ်ရန် ဗဟိုဘဏ်က ဒေါ်လာထုတ်ချေးရန် စီစဉ်ခြင်းဖြစ်ကြောင်းအထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။

ပုဂ္ဂလိကဘဏ်များအနေ ဖြင့် ကန်ဒေါ်လာလိုအပ်ပါက ပြင်ပမှ ဝယ်ယူရသည့် အခြေ အနေမျိုးကို ထိန်းနိုင်မည်ဖြစ်ပြီး ဈေးကွက်အတွင်း ဈေးကစားမှု များ လျော့နည်းမည်ဟု ဗဟို ဘဏ် အကြီးတန်းအရာရှိ တစ်ဦး က ဆိုသည်။

‘‘ဗဟိုဘဏ်က ငွေထုတ်ချေး ရင် တဖြည်းဖြည်းနဲ့ ဒေါ်လာဈေး ကျလာမှာပဲ’’ဟု အငြိမ်းစားဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ကမ္ဘောဇ ဘဏ် အကြီးတန်းအကြံပေး ပုဂ္ဂိုလ် ဦးသန်းလွင်ကပြောသည်။ ဗဟိုဘဏ်မှ ငွေထုတ်ချေးမည် ဆိုပါက လက်ရှိပြည်တွင်းငွေ ကြေးဈေးကွက်တွင် ကြုံတွေ့နေ ရသည့် ကန်ဒေါ်လာတန်ဖိုး မတည်ငြိမ်မှုကို ထိန်းနိုင်မည်ဟု ၎င်းကသုံးသပ်သည်။

ပြည်တွင်းငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုး သည် ဇွန်လလယ်ပိုင်းကစတင်၍ မြင့်တက်လာပြီး ဇွန်လကုန် ရက် များတွင် တစ်ဒေါ်လာ ကျပ် ၁,၄၀၀ ကျော်အထိ မြင့်တက်ခဲ့ သည်။ ထို့နောက် ဇူလိုင်အတွင်း တစ်ဒေါ်လာ ကျပ် ၁,၄၀၀ အထက်တွင် ဆက်ရှိနေ၍ သြဂုတ် ၇ ရက်တွင် ၁,၄၇၅ ကျပ် အထိ မြင့်တက်ခဲ့သည်။ ထို့ နောက် သြဂုတ် ၁၀ ရက်တွင် ၁,၄၆၀ ကျပ်သို့ ပြန်လည်ကျ ဆင်းသည်။

ပြည်တွင်းငွေကြေးဈေး ကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ပြီး တည်ငြိမ်မှု မရှိခြင်းကြောင့် နှစ်လအတွင်း ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ နှင့် ငွေလဲကောင်တာများနှင့် နှစ်ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့ သည်။ ထို့အပြင် ပုဂ္ဂလိကဘဏ် များကို ကန်ဒေါ်လာ တစ်ရက် လျှင် ငါးသောင်းမှ တစ်သိန်းအထိ ရောင်းချပေးမှုခဲ့သည်။

ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုး စံချိန် တင်မြင့်တက်မှုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီနှင့် ဗဟိုဘဏ်တို့ သြဂုတ် ၉ ရက်က အစည်းအဝေး ပြုလုပ်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service