ကမ္ဘာကျော် သူကြွယ်မိသားစုဖြစ်သော ဂု (ပ်)တား မိသားစုမှ အိမ်ခြံမြေလုပ်ငန်းရှင် ညီအစ်ကိုသည် အင်္ဂလန်နိုင်ငံ၊ ဝုဗာဟမ့်ပ်တန်၏ အထင်ကရ စံအိမ်တစ်လုံးကို ပေါင် ၃ သန်းဖြင့် ဝယ်ယူလိုက်ကြသည်။
ဝုဗာဟမ့်ပ်တန်၏ အထင်ကရတစ်ခုဖြစ်သော Carillion House သည် ယခုနှစ် ဧပြီလကတည်းက အရောင်းဈေးကွက်ဝင်နေ ခဲ့ခြင်းဖြစ်သည်။
ဈေးကွက်တင် ပေါင် ၃ သန်းဖြင့် ဈေးခေါ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအရောင်းအဝယ်တွင် ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကိုမူ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိခဲ့ချေ။
အန်ကွတ်ရှ်နှင့် အာဂျန် ဂု(ပ်)တားတို့ ဦးဆောင်သည့် Gupta Group က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြို့လယ်ကို စီးမိုးတွေ့မြင်ရသည့် မြင်ကွင်းများ ရှိသည်။
Gupta Group ကို လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံတစ်ဝန်းရှိ လူနေ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဆိုင်ရာ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။
ယခုအဆောက်အအုံကို ၁၉၇၇ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး AM Griffiths & Sons က ဆောက်လုပ်ပေးခဲ့ခြင်း ဖစ်ြသည်။
ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်တစ်ဦးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ပေါင် ၆ ဒသမ ၂ သန်းဖြင့် ဝယ်ယူလိုက်ပြီးနောက် တစ်နှစ်လျှင် ပေါင် ၄၄၀၀၀၀ ဖြင့် ပြန်လည်အငှားချထားခဲ့သည်။
ယခုအခါတွင် အဆိုပါလုပ်ငန်းရှင်က Gupta Group သို့ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။
ဂု(ပ်) တားမိသားစုမှာ အိန္ဒိယဖွား တောင်အာဖရိက မိသားစုဖြစ်ပြီး အထင်ရှားဆုံးမိသားစုဝင်များမှာ အဂျေး၊ အတူး၊ ရာဂျက်ရှ် ဂု(ပ်)တား၊ အတူး၏တူ ဗာရန်၊ အမေရိကန်တွင် နေထိုင်သော အေရှစ်ရှ်နှင့် အမိုးတို့ ဖြစ်ကြသည်။
ဂု(ပ်) တားမိသားစုသည် ကွန်ပြူတာဆက်စပ်ပစ္စည်း၊ မီဒီယာနှင့် သတ္တုတွင်း လုပ်ငန်းနယ်များ ပါဝင်သည့် စီးပွားရေး အင်ပါယာကြီး ပိုင်ဆိုင်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)