ကျောတစ်ခင်းစာနေရာအတွက် ဘုန်းတော်ကြီးကျောင်းတွေက ခိုလှုံရာနေရာတစ်နေရာ ဖြစ်နေဆဲ

ကျောတစ်ခင်းစာနေရာအတွက် ဘုန်းတော်ကြီးကျောင်းတွေက ခိုလှုံရာနေရာတစ်နေရာ ဖြစ်နေဆဲ - Property News in Myanmar from iMyanmarHouse.com
10 Aug 2018 10:55 am တွင် တင်ခဲ့သည်
2162 ကြိမ် ကြည့်ရှု့ပြီး
တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ရန်ကုန်ကို အကြောင်းကိစ္စတစ်ခုခုကြောင့် လာရောက်သူတွေဟာ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ အသိမိတ်ဆွေအိမ်တွေနဲ့ ဆွေမျိုးသားချင်းအိမ်တွေ စသဖြင့် ကိုယ်နဲ့နီးစပ်ရာမှာ တည်းခိုနေထိုင်ကြလေ့ ရှိကြပါတယ်။

ရက်ရှည်နေထိုင်မယ့်သူတွေနဲ့ အလုပ်လာလုပ်တဲ့သူ တွေကတော့ ငှားနေမယ့်အိမ် ဒါမှမဟုတ် အဆောင်တွေကို ရှာကြရပါတယ်။ ဒီထဲမှာ မြေစမ်း ခရမ်းပျိုးအနေနဲ့ နယ်မြို့ရဲ့ ကျေးရွာတွေကနေ ရန်ကုန်ကို အလုပ်ရလိုရငြား လာရောက်သူတွေနဲ့ အသိမိတ်ဆွေမရှိဘဲ ရန်ကုန်မြို့မှာ ဆေးကုသဖို့ လာရောက်တဲ့သူတွေရဲ့ အားကိုးခိုလှုံရာနေရာကတော့ ဘုန်းတော်ကြီးကျောင်းတွေပဲ ဖြစ်ပါတယ်။

တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အသိမိတ်ဆွေတွေရဲ့ လမ်းညွှန်မှုကြောင့် ဘုန်းကြီးကျောင်းကို လာရောက် တည်းခိုကြတဲ့သူတွေ ရှိသလို ရွာကအသိ ဘုန်းတော်ကြီးတွေရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ လာရောက်တည်းခို နေထိုင်ကြတဲ့သူတွေလည်း ရှိပါတယ်။

+++ သူတို့ ဘာကြောင့် ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ဖို့ ရွေးချယ်ကြသလဲ +++

ဆွေမျိုးသားချင်း အိမ်တွေမှာ ရက်ရှည်နေထိုင်ဖို့ အဆင်မပြေတဲ့အခါ၊ အပြင်မှာ အခန်း (သို့မဟုတ်)အဆောင်ငှားနေဖို့ ပိုက်ဆံအခက်အခဲ၊ နေရာအခက်အခဲရှိတဲ့အခါ ဘုန်းကြီးကျောင်းမှာ နေထိုင်ဖို့ ရွေးချယ်ကြ ပါတယ်။

"အသိဘုန်းကြီးတွေကတစ်ဆင့် ချိတ်ဆက်ပေးရင်းနဲ့ ဘုန်းကြီးကျောင်းတွေ တစ်ခုပြီးတစ်ခု လိုက်နေဖြစ်တယ်။ အလုပ်ရှာနေဆဲအချိန်ဖြစ်တာကြောင့် အပြင်မှာ ငှားနေဖို့လည်း မတတ်နိုင်သေးဘူး"လို့ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်သူ ကိုရဲကိုက ဆိုပါတယ်။ ကိုရဲကိုကလက်ရှိမှာ ဇေယျသိဒ္ဓိဘုန်းကြီးကျောင်းမှာ နေထိုင်နေ ပါတယ်။

ပန်းတောင်းမြို့နယ်က ရန်ကုန်ကို လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မိတ္ထီလာကျောင်းမှာ နေထိုင်နေသူ ဦးအောင်မြင့်ဦးက "အရင်အလုပ်တုန်းကတော့ နေစရာရလို့ ဘုန်းကြီးကျောင်းမှာ ခဏပဲနေခဲ့ရတယ်၊ အခုအလုပ်က ဝင်တာမကြာသေးတော့ နေစရာမရသေးဘူး၊ ဒီကျောင်းမှာပဲ ဆက်နေရဦးမယ်ထင်တယ်"လို့ သူ့ရဲ့အခြေအနေကို ပြောပြပါတယ်။

+++ ဘယ်လိုအခက်အခဲတွေရှိလဲ +++

ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်တဲ့သူတွေ အနေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာရန်လိုအပ်ပြီး အနေအထိုင်မတတ်တဲ့သူတွေအတွက် ရေရှည်နေထိုင်ဖို့ ခက်ခဲတယ်လို့ ဘုန်းတော်ကြီးကျောင်းမှာ လေးနှစ်ခန့်နေထိုင်ပြီး ပြင်ပမှာ အလုပ်လုပ်ကိုင်နေသူ ကိုကျော်မင်းက ဆိုပါတယ်။

"ဘုန်းကြီးနဲ့ လူဆိုတော့ မနေတတ်ရင် အဆင်မပြေဘူး၊ တကယ်တော့ ဘုန်ကြီးကျောင်းဆိုတာ လူတွေနေဖို့ အပ်စပ်တဲ့နေရာတော့ မဟုတ်ဘူး"လို့ ကိုကျော်မင်းက ပြောပါတယ်။

အများနဲ့ စုပေါင်းနေရတဲ့အတွက် နေထိုင်စားသောက် ရေးကအစ အဆင်မပြေခက်ခဲတာတွေရှိပြီး တစ်ကိုယ်ရေတစ်ကာယသုံး ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းနိုင် မှသာ ရေရှည်နေထိုင်ဖို့ အဆင်ပြေနိုင်မယ်လို့လည်း ၎င်းက ဆိုပါတယ်။

+++ ဘာကြောင့် အပြင်မှာ ငှားမနေကြတာလဲ +++

အဆောင်အများစုဟာ ပတ်ဝန်းကျင် မသန့်ရှင်းကြ တာက တစ်ကြောင်း၊ ကျဉ်းကျပ်လွန်းတဲ့ တိုက်ခန်းတွေထဲ မှာ နေရတာက တစ်ကြောင်းနဲ့ ငွေကြေးအခက်အခဲတွေ ကြောင့် အပြင်မှာငှားနေဖို့ ကြိုးစားကြည့်ဖူးပေမဲ့ အဆင်မပြေကြောင်း ကိုရဲကိုက ပြောပါတယ်။

တိုက်ခန်းတစ်ခုတည်းမှာ အခန်းတွေ အများကြီး ကန့်ပြီး လူအယောက် ၂၀ လောက်ထားတဲ့ အဆောင် လိုမျိုးမှာ နေတဲ့အခါ အဆောင်ခက ၄၅ဝ၀ဝ ကနေ ၅၀çဝ၀ဝ ကြားရှိပါတယ်။ တကယ်လို့ မြို့လယ်ကောင်နဲ့ သိပ်မဝေးနဲ့ မြို့နယ်တွေမှာ တိုက်ခန်းငှားနေမယ်ဆိုရင် အခန်းခက ကျပ် ၁၀ဝဝ၀ဝ လောက်ကနေစပြီး ၁၅၀ဝ၀ဝ၊ ၂၀ဝဝ၀ဝ စသဖြင့် မြို့နယ်နေရာပေါ် မူတည် ပြီး ပေးရပါတယ်။

လစာအရမ်းမကောင်းတဲ့ ဝန်ထမ်းတွေအတွက် အိမ်ငှားခဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် ခြောက်လတစ်ခါလောက် စာချုပ်ချုပ်ဖို့ငွေဟာ ပမာဏများတဲ့အပြင် တိုးတိုးလာတဲ့အိမ်ငှားခတွေကလည်း အိမ်ငှားဖို့ အခက်အခဲကို ပိုဖြစ်စေပါတယ်။

"အရင်ကလည်း ရန်ကုန်မှာ အလုပ်လာလုပ်ဖူးတယ်၊ အပြင်မှာနေဖို့လည်း စုံစမ်းဖူးတယ်၊ ဒါပေမဲ့ ကျွန်တော့် ဝင်ငွေနဲ့ အဆင်မပြေဘူး၊ ဘုန်းကြီးကျောင်းမှာက ပိုအဆင် ပြေတယ်"လို့ ကိုရဲကိုက ပြောပါတယ်။

အပြင်မှာငှားနေဖို့ သင့်တင့်တဲ့ လစာအနေအထား ဝင်ငွေရှိပေမဲ့ ဘုန်းကြီးကျောင်းမှာပဲနေရတာ အဆင်ပြေတဲ့အတွက် ဘုန်းကြီးကျောင်းမှာပဲ နေထိုင်နေကြတဲ့သူတွေလည်း ရှိပါတယ်။

အဆောင်တွေဟာ အများအားဖြင့် ခုတင်တစ်လုံးစာ သာ နေရာရတာကြောင့် အနေအထိုင် ကျဉ်းကျပ်လှပါ တယ်။ အဆောင်တွေနဲ့ ယှဉ်ရင်တော့ ဘုန်းကြီးကျောင်းမှာနေရတာဟာ လုံးချင်းအိမ်နဲ့ နေရသလို ကျယ်ကျယ် ဝန်းဝန်းနဲ့ သက်သောင့်သက်သာ ရှိစေမှာအမှန်ပါပဲ။

+++ ဘယ်လိုလူတွေလာနေကြလဲ +++

ကျောင်းထိုင်ဆရာတော်နဲ့ ဆွေမျိုးနီးစပ်တော်စပ်သူ တွေ၊ အသိမိတ်ဆွေတွေ၊ ဘုန်းကြီးကျောင်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ၊ နယ်ဝေးကလာပြီး ရက်ရှည်ဆေးကုသမှုခံယူနေရသူတွေဟာ အများအားဖြင့် ဘုန်းတော်ကြီး ကျောင်းတွေမှာ တည်းခိုနေထိုင်လေ့ ရှိကြပါတယ်။

ဘုန်းကြီးကျောင်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေလို့ဆိုရာမှာ ကျောင်းထိုင်ဆရာတော်ရဲ့ ဆွေမျိုးတွေလည်း ပါသလို အေးဆေးငြိမ်သက်တဲ့ ဘုန်းကြီးကျောင်းဝင်းလိုနေရာမျိုးကို ကြိုက်နှစ်သက်လို့ လာနေကြသူတွေလည်း ပါဝင်ပါတယ်။

ဒါ့ပြင် ဆယ်တန်းအောင်ပြီးခါစ နယ်ကနေ သင်တန်းလာတက်တဲ့ ကျောင်းသားတွေလည်း လာရောက်တည်းခိုနေထိုင်ကြပါတယ်။ ရန်ကုန်မြို့မှာ လူနေထူထပ်လာမှုနဲ့ အတူ အိမ်ရာလိုအပ်ချက်တွေ များလာတဲ့အပြင် အိမ်ငှားခတွေကလည်း ဈေးမသေးတာကြောင့် ကျောတစ်ခင်းစာနေရာအတွက် ဘုန်းတော်ကြီးကျောင်တွဟာ ခိုလှုံရာတစ်ခု ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service