ကင်ဒဲလ် ဂျင်းနာနှင့် ချစ်သူ ဘင် ဆိုင်မွန်တို့ လက်ရှိနေသည့်နေရာထက် ပိုမိုကျယ်ဝန်းသည့် နေအိမ်ရှာဖွေနေရာ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို မျက်စိကျနေကမ္ဘာကျော် အမေရိကန်မော်ဒယ်လ် ကင်ဒဲလ် ဂျင်းနာနှင့် ချစ်သူ ဘင် ဆိုင်မွန်တို့ လက်ရှိနေသည့်နေရာထက် ပိုမိုကျယ်ဝန်းကာ လုံခြုံမှုရှိသည့် နေအိမ်ရှာဖွေနေရာ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို မျက်စိကျနေသည်ဟု ဆိုသည်။
လက်ရှိအားဖြင့် ကင်ဒဲလ် ဂျင်းနာနှင့် ဘင်ဆိုင်မွန်တို့သည် လော့စ်အိန်ဂျလိမြို့၊ ဖဲရ်ဖက်ဇ်အရပ်ရှိ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါ နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၂၅၀၀၀ ဖြင့် ငှားရမ်းနေထိုင်လျက်ရှိသော်လည်း ကာလတိုငှားရမ်းမှုသာ ဖြစ်သည်။
ကင်ဒဲလ်ဂျင်းနာတို့ ကြည့်ရှုခဲ့ကြသည့်နေအိမ်များအနက် မျက်စိကျနေသည့် တစ်ခုမှာ ဘီဗာလီဟေးလ်ရှိ အိပ်ခန်း ၅ ခန်း ၊ ရေချိုးခန်း ၅ ခန်းပါ ခေတ်ပေါ်နေအိမ်တစ်လုံးဖြစ်ပြီး နေအိမ်အကျယ် စတုရန်းပေ ၄၀၀၀ ခန့်ရှိကာ လော့စ်အိန်ဂျလိ၏ အလှကို စီးမိုးတွေ့မြင်နေရ သည့် နေအိမ်ဖြစ်သည်။
အဆိုပါနေအိမ်မှာ တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် အငှားဈေးကွက်တင်ထားခြင်းဖြစ်ပြီး ဈေးကွက်တင်သည်မှာ Living the Dream မှ ပူးတွဲတည်ထောင်သူများဖြစ်သော ရှေး ဂေါ့ဇ်လန်နှင့် ရူဒီ မာလ်ကာတို့ ဖြစ်ကြသည်။
ယင်းနေအိမ်ရှိရာ ဝန်းကျင်တွင်ပင် ကင်ဒဲလ်ဂျင်းနာ ပိုင်ဆိုင်ထားသည့် နေအိမ်တစ်လုံးရှိပြီး လက်ရှိအားဖြင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည်။
တစ်ကိုယ်ရေ လုံခြုံမှုရှိခြင်းကို ကင်ဒဲလ်ဂျင်းနာ လိုလားသည်မှာ အပြစ်မဆိုသာချေ။
လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းက ရှာဗော့ မက်ကင်ဇီအမည်ရှိသူသည် ကင်ဒဲလ်ဂျင်းနာနောက်သို့ နေအိမ်ခြံဝန်းအတွင်း ကားလမ်းအတိုင်း နောက်ယောင်ခံလိုက်ခဲ့မှု ဖြစ်ပွားခဲ့ရာ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲခဲ့ရမှု ဖြစ်ပွားခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)