ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောင်များကို တစ်နေရာထဲတွင် အလွယ်တကူ ရှာဖွေနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ တီထွင်ဖန်တီးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆောင် ရှာဖွေလိုသူများအတွက် အလွယ်တကူရှာဖွေ သိရှိစေနိုင်ရန် မြို့ နယ်အလိုက်သော်လည်းကောင်း၊ အကျယ်အဝန်း အလိုက်သော်လည်းကောင်း၊ ဈေးနှုန်း ၊ ဆက်သွယ်စုံစမ်းရန်လိပ်စာ စသည်တို့ကိုပါ အွန်လိုင်းတွင် ကြည့်ရှု့ နိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကတော့ အိမ်ခြံမြေ ရောင်းသူ၊ ဝယ်သူ၊ ငှားသူတွေကို ချိတ်ဆက်ပေးရုံတင် မကဘဲ လူတွေ အသုံးဝင်မယ့် ကဏ္ဍအသစ်တွေကိုလည်း မကြာခဏ တီထွင်ဖန်တီးထုတ်လုပ်ပေးနေပါတယ်။ အခုဆိုရင် အဆောင်ငှားပြီး နေထိုင်ချင်သူတွေအတွက် အလွယ်တကူ ရှာဖွေလို့ ရနိုင်မည့် ကဏ္ဍသစ်ကို ကျွန်တော်တို့ ဝဘ်ဆိုက်မှာ ထုတ်လွှင့်လိုက်ပြီဖြစ်ပါတယ်။ နှစ်စဉ် လူပေါင်း သိန်းနဲ့ချီပြီးတော့ နယ်မြို့ တွေကနေ ရန်ကုန်မြို့ ကို လာရောက် အခြေချ နေထိုင်ကြပါတယ်။ ကျောင်းတွေ တက်မယ်၊ သင်တန်းတွေ တက်မယ်၊ အလုပ်အကိုင်တွေ ရှာဖွေမယ် စသည်ဖြင့် ဒီလူပေါင်း သိန်းကျော်ဟာ အဆောင်တွေမှာပဲ နေထိုင်ကြတာ များပါတယ်။ သူတို့တွေ အဆင်ပြေစေဖို့ ကျွန်တော်တို့က ဒီအဆောင်ငှားရန်ဆိုတဲ့ ကဏ္ဍအသစ်ကို အွန်လိုင်းပေါ် လွှင့်တင်လိုက်တာပါ။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ဝဘ်ဆိုက်က တစ်နေရာတည်းမှာပဲ မြို့ နယ်အစုံက အဆောင်တွေကို အလွယ်တကူ ရှာဖွေနိုင်အောင် ဖန်တီးပြုလုပ်ပေးထားပါတယ်” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။
iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)