မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ငွေဆောင်ကမ်းခြေရှိ သိန်း (၅ဝဝ) ခန့်ဖြင့် ဂရမ်အမည်ပေါက်ရမည့် Lake View Villa လုံးချင်းအိမ်ရာ အရောင်းပြပွဲကြီးကို ၂ဝ၁၈ ခုနှစ် ၊ ဇူလိုင်လ ၂၈ ရက် နှင့် ၂၉ ရက် နေ့များတွင် ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်းရှိ Myanmar Culture Valley ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
Lake View Villa လုံးချင်းအိမ်ရာသည် စီမံကိန်း မြေဧက (၂၂.၃၄) ဧက ပေါ်တွင် တည်ဆောက်ထားပြီး သဇင်ကျေးရွာအုပ်စု ၊ ငွေဆောင်မြို့ နယ်၊ ပုသိမ်မြို့ တွင် တည်ရှိပြီး ဆောက်လုပ်ပြီးစီးထား၍ အသင့်နေထိုင်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ “ Lake View Villa ဟာ ငွေဆောင်ကမ်းခြေအနီးမှာ တည်ရှိပြီး အရမ်းတန်တဲ့ ဈေးနှုန်းနဲ့ ဂရမ်အမည်ပေါက်လုံးချင်းအိမ် ပိုင်ဆိုင်နိုင်မှာပါ။ ချောင်းသာနဲ့ ငွေဆောင်ကို အဓိက ဆက်သွယ်ပေးထားတဲ့ ကားလမ်းမကြီးအနီးတွင် တည်ရှိတာကြောင့် သွားလာရ အဆင်ပြေတဲ့နေရာဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့သည်။
ပြပွဲ (၂)ရက်အတွင်း ဝယ်ယူသူများအတွက် သိန်း (၁ဝဝ) ပေးချေပြီးလျှင် နေထိုင်ခွင့်ပေးသည့် အစီအစဉ်ဖြင့် ရောင်းချခဲ့ပါသည်။
စီမံကိန်းတွင် facilities များအနေဖြင့် ကားပါကင် ၊ ရေကူးကန် ၊ ကစားကွင်း ၊ Tea House နှင့် Exercise Area တို့ ပါဝင်ကြောင်းလည်း သိရသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)