ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမီတာ ၇ သန်းခန့်ကျယ်ဝန်းမည့် ကမ္ဘာ့အဆင့်မီ မြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်

ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမီတာ ၇ သန်းခန့်ကျယ်ဝန်းမည့် ကမ္ဘာ့အဆင့်မီ မြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
7 Aug 2018 12:18 pm တွင် တင်ခဲ့သည်
1840 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စု ထိပ်တန်း developer ဖြစ်သော အယ်လ် အကာရီယာ ဆော်ဒီ အိမ်ခြံမြေကုမ္ပဏီ (Sreco) သည် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် “အယ်လ် ဝစ်ဒ်ယန်” အမည်ရှိ ကမ္ဘာ့အဆင့်မီ မြို့တော်ကြီးကို စတုရန်းမီတာ ၇ သန်း ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိသည်။

အယ်လ် ဝစ်ဒ်ယန်မြို့တော်သစ်ကြီးသည် လေဆိပ်သို့ ၁၅ မိနစ်ခရီးသာ ဝေးကွာမည်ဖြစ်ပြီး ရီယာ့ဒ်မြို့လယ်မှ မိနစ် ၂၀ ခရီးသာ ဝေးကွာမည် ဖြစ်သည်။

မြို့တော်သစ်ကြီးတွင် အပန်းဖြေရန်နေရာများ၊ လက်လီအရောင်းဆိုင်၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရုံးခန်းနှင့် လူနေခန်းနေရာများ ပေါင်းစပ်ပါဝင်မည် ဖြစ်သည်။

ဆောက်လုပ်ပြီးစီးရန်အတွက် ၇နှစ်ခန့်အချိန်ယူရမည်ဟုခန့်မှန်းရပြီးအဆင့်လိုက်အကောင်အထည်ဖော်သည့်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

Sreco ၏ ထုတ်ပြန်ချက်အရ ဆောက်လုပ်ရေးလုပ်ငန်းများစတင်နေပြီဖြစ်ပြီး အခြေခံအဆောက်အအုံလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

စီမံကိန်း အဆင့် ၁ အတွက် ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့် ကုန်ကျမည် ဖြစ်သည်။

အယ်လ် ဝစ်ဒ်ယန်မြို့သစ်ကြီးသည် Sreco ၏ စီးပွားရေးလားရာသစ်ဖြစ်ပြီး ဆော်ဒီအစိုးရပိုင် ကုမ္ပဏီများဖြစ်သော ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (PIF) က ရှယ်ယာ ၆၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ပြည်သူ့ပင်စင်အေဂျင်စီ (PPA) က ရှယ်ယာ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်လမ်းကြော ထိခိုက်စေနိုင်မှုများကို လေ့လာခြင်းများ အပြီးသတ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မိတ်ဖက်များစွာနှင့် နားလည်မှုစာချွန်လွှာများ ချုပ်ဆိုပြီးဖြစ်သည့်နည်းတူ ဆော်ဒီနှင့် နိုင်ငံတကာမှ အလားအလာရှိသည့် မိတ်ဖက်များနှင့် ဆွေးနွေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း Sreco က ထုတ်ပြန်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမီတာ ၇ သန်းခန့်ကျယ်ဝန်းမည့် ကမ္ဘာ့အဆင့်မီ မြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမီတာ ၇ သန်းခန့်ကျယ်ဝန်းမည့် ကမ္ဘာ့အဆင့်မီ မြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမီတာ ၇ သန်းခန့်ကျယ်ဝန်းမည့် ကမ္ဘာ့အဆင့်မီ မြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service