ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များသို့ ကန်ဒေါ်လာ စတင်ရောင်းချပေးနေ

ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များသို့ ကန်ဒေါ်လာ စတင်ရောင်းချပေးနေ - Property News in Myanmar from iMyanmarHouse.com
7 Aug 2018 10:10 am တွင် တင်ခဲ့သည်
15125 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ဒေါ်လာ စံချိန်တင်မြင့်တက်နေမှုကိုထိန်းရန်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များသို့ ဒေါ်လာ စတင်ရောင်းချ ပေးနေကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်လာတန်ဖိုးသည် အချိန်ပိုင်းအတွင်း အပြောင်းအလဲများ ဖြစ်ပြီး ဈေးမြင့်တက်မှုကို ကုစားရန် ဗဟိုဘဏ်က စတင်လုပ် ဆောင်လာခြင်းဖြစ်သည်။ ပြည် တွင်းငွေကြေးဈေးကွက်တွင် ဒေါ် လာပမာဏ တိုးလာပါကတန်ဖိုးကျဆင်းပြီး ကျပ်ငွေတန်ဖိုး မြင့် တက်ရန် ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်သည်။

သို့သော် ဗဟိုဘဏ်က ရောင်းချပေးသည့် ဒေါ်လာပမာဏသည် တစ်ရက်လျှင် ငါး သောင်းမှ တစ်သိန်းအကြားရှိခြင်းကြောင့် ငွေကြေးဈေးကွက်အ ခြေအနေကို ပြောင်းလဲနိုင်စွမ်း အားနည်းသည်ဟု ဆိုသည်။

ဗဟိုဘဏ်က ဒေါ်လာ ရောင်းချခြင်း သုံးရက်ခန့် ရှိလာ သော်လည်း ပြည်တွင်းငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာတန် ဖိုး ဆက်လက်မြင့်တက်ပြီး ဩဂုတ် ၆ ရက် ညနေတွင် တစ်ဒေါ်လာ ၁,၄၆၂ ကျပ် ဖြစ်လာသည်။ ယင်းနေ့ နံနက်တွင် တစ်ဒေါ်လာ ၁,၄၅၇ ကျပ် ဈေးဖွင့်ခြင်းကြောင့် အချိန်ပိုင်းအတွင်း တစ်ဒေါ်လာ ငါးကျပ်ဈေးတက်လာသည်။

ရုံးဖွင့်ရက်များတွင် ပြည် တွင်းငွေကြေးဈေးကွက်၌ ဒေါ်လာတန်ဖိုး အတက်အကျများပြီး တည်ငြိမ်မှုမရှိသဖြင့် ပို့ကုန်၊ သွင်း ကုန်လုပ်ငန်းများ အခက်အခဲဖြစ် ရသည်။

မြန်မာနိုင်ငံတွင် တရားမဝင် ငွေကြေး ဈေးကွက်ကြီးမားပြီး တစ်ရက်အတွင်း နိုင်ငံခြားငွေ လွှဲပြောင်းပေးမှုက ဒေါ်လာသန်းချီနေသဖြင့် ဗဟိုဘဏ်ဈေးကွက်အတွင်းသို့ ငွေကြေးရောင်းချ သည့်အပြင် ဘဏ်များနှင့် ငွေလဲ ကောင်များကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးသင့်ကြောင်း ဘဏ်လုပ် ငန်းကျွမ်းကျင်သူများက အကြံပြု သည်။

‘‘ဗဟိုဘဏ်က ဈေးကွက်ကို နည်းနည်းလောက် ဝင်ဟန့်လိုက် မယ်ဆိုရင် အတော်အဆင်ပြေ သွားနိုင်တယ်’’ဟု အငြိမ်းစားဗဟို ဘဏ်ဥက္ကဋ္ဌ ဦးသန်းလွင်
က ပြောသည်။

ထို့အပြင် ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးမြင့် တက်ပြီး ကျပ်ငွေတန်ဖိုး စံချိန် တင်မြင့်တက်ခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်၏ ရပ်တည်ဆောင် ရွက်ချက်ကို ‘‘ဗဟိုဘဏ်က ဘာမှ မည်မည်ရရလုပ်တာ မတွေ့သေး ဘူး’’ဟု ‘ငွေကျပ်လဲလှယ်နှုန်း ဘာ တွေဖြစ်နေသလဲ’ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဘောဂဗေဒ ပညာရှင် ဒေါက်တာဦးမြင့်က ဝေဖန်ပြောကြားသည်။

ယခင်အစိုးရလက်ထက် ကန်ဒေါ်လာတန်ဖိုး မြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းစဉ်က အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန် ကြီးအချို့၊ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များ၊ ငွေလဲကောင်တာ လုပ်ငန်းရှင်များ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးကာ ဗဟိုဘဏ်က လည်း ထိုကဲ့သို့ ပြုလုပ်ခဲ့သည်။

လက်ရှိ ဒေါ်လာဈေးမြင့် တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်း မှုသည် အမေရိကန်ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းမြှင့်တင်မှုကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက် တွင် ဒေါ်လာတန်ဖိုး မြင့်တက် သဖြင့် မြန်မာနိုင်ငံလည်း ယင်း အကျိုးသက်ရောက်မှု ခံစားနေရ ကြောင်း ဗဟိုဘဏ်ထပ်ပိုင်း ခေါင်းဆောင်တစ်ဦးက သတင်းမီဒီယာအချို့အား ပြောကြားထား သည်။

မြန်မာနိုင်ငံ ငွေကြေးဈေး ကွက်အခြေအနေသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ငွေလဲနှုန်းမတည်ငြိမ်ဘဲ ဒေါ်လာတန်ဖိုး ပိုမိုမြင့်တက်ခြင်းသည် ဈေးကစားမှုကြောင့်ဟု ဘဏ်လုပ်ငန်း ဦး ဆောင်သူအချို့က သုံးသပ်ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service