မြေယာအလွဲသုံးမှုများကို ထိန်းညှိပေးမည့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ပေးရေး အဆိုဆွေးနွေးမည်

မြေယာအလွဲသုံးမှုများကို ထိန်းညှိပေးမည့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ပေးရေး အဆိုဆွေးနွေးမည် - Property News in Myanmar from iMyanmarHouse.com
7 Aug 2018 9:51 am တွင် တင်ခဲ့သည်
1115 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာဥယျာဉ် ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေခြင်း ကြောင့် ဖြစ်ပေါ်မည့် စိုက်ပျိုးမြေ လျော့နည်းလာခြင်း၊ မြေကွက် များပျောက်ဆုံးခြင်းကို ထိန်းညှိ ပေးမည့်အစီအမံတစ်ခု ချမှတ်ပေး ရေးအဆိုကို အမျိုးသားလွှတ် တော်၌ ဆွေးနွေးမည်ဖြစ်သည်။

သြဂုတ် ၆ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ မွန်ပြည်နယ်မဲဆန္ဒ နယ်အမှတ်(၈) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက တင်သွင်းကာ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ထောက်ခံခဲ့ သည်။

မြေယာများ အလွဲသုံးစား ပြုလုပ်ခြင်းအားဖြင့် စိုက်ပျိုးမြေ များလျော့နည်းကာ စိုက်ပျိုးရေး ထုတ်ကုန်များ ကျဆင်းလာပြီး နိုင်ငံ့စီးပွားရေး ထိခိုက်လာမည် ဖြစ်ကြောင်း အဆိုရှင် ဦးမျိုးဝင်းက ပြောသည်။ ထို့အပြင် မြို့ပေါ်နှင့် ကျေးရွာများ၌ နောင်တစ်ချိန်တွင် လိုအပ်ပါက အသုံးပြုရန် ချန်လှပ်ထားသည့် မြေကွက်များ ဆုံးရှုံးမည်ဖြစ်ကြောင်း​ ၎င်းက ဆိုသည်။

မြေယာစီမံခန့်ခွဲရေး တာ ဝန်ယူထားသူများက လုပ်ပိုင်ခွင့် တလွဲအသုံးချကာ ကိုယ်ကျိုးရှာ ခြင်းကြောင့် လူနေရပ်ကွက်များ၊ မြေယာအမျိုးမျိုးများကို စနစ် တကျစီမံခန့်ခွဲမှု မပြုနိုင်သည်မှာ ရာစုနှစ်တစ်ခု ကျော်လာပြီဖြစ် ကြောင်း၊ မြို့ပြလူနေမှုစနစ်များ၊ စည်းစနစ်မရှိသည့် လူနေရပ် ကွက်သစ်များ ဖြစ်ခဲ့ရကြောင်း ဦးမျိုးဝင်းက ပြောသည်။

ယင်းကဲ့သို့ ဆိုးကျိုးများ ဆက်လက်မဖြစ်စေရေး လက်ရှိ အစိုးရလက်ထက်တွင် မြေလွတ်မြေရိုင်းများနှင့်ပတ်သက်၍ စနစ်တကျ စီမံထိန်းသိမ်းရတော့မည် ဖြစ်ကြောင်း​ ၎င်းက ထောက်ပြ သည်။

‘‘အရင်တုန်းက မြေလွတ် မြေရိုင်းနဲ့ပတ်သက်တဲ့ အလွဲတစ်ခုပေါ့။ ဒါကို မကိုင်တွယ်မထိန်း ချုပ်ရင် ဒီအတိုင်းပဲ သွားနေမှာ။ ဒါကို စနစ်တကျ စီမံကိန်းဆွဲပြီး လုပ်ဖို့လိုပါတယ်’’ဟု အဆိုရှင်က ပြောသည်။

ထိုသို့ မြေယာများနှင့် ပတ်သက်သည့် အလွဲများ ထပ်မံ မဖြစ်ပေါ်စေရေး မြေယာစီမံခန့်ခွဲသူ များ၏လုပ်ရပ်ကို အချိန်မီထိန်း ညှိရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ မြေယာစီမံခန့်ခွဲရေးကော် မတီတွင် အဓိကဦးဆောင်သူများ သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဌာနဖြစ်သည်။

အဆိုနှင့်ပတ်သက်၍ ဆွေး နွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်းနိုင် ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဖိတ်ခေါ်ထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service