တရုတ်ပြည်၊ ရှန်ဟိုင်းမြို့၊ ကျင်းပူခရိုင်ရှိ လူနေစီမံကိန်း မြေနေရာ ၂ ခုကို Vanke နှင့် China Merchants Shekou ကုမ္ပဏီတို့က ယွမ်ငွေ ၆ ဒသမ ၂ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကျင်းပူခရိုင်သည် ရှန်ဟိုင်းမြို့၏ ဆင်ခြေဖုံးဒေသဖြစ်ပြီး ယခုအရောင်းအ
ဝယ်ကြောင့် ကြမ်းခင်းဧရိယာ ၁၈၇၀၀၀ ရှိမည့် လူနေအိမ်နေရာများ ပေါ်ထွန်းလာတော့မည်ဖြစ်သည်။
မြေကွက် ၂ ခုလုံးကို လေလံကြမ်းခင်းဈေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး မြေကွက်တစ်ခုချင်းစီတွင် လေလံဆွဲသူတစ်ဦးစီသာရှိခဲ့သည်။
ရှန်ဟိုင်းတွင် မကြာသေးမီကပင် မြေကွက် ၄ ခုရောင်းချရန် စီစဉ်ထားခြင်းကို ဖျက်သိမ်းခဲ့ဖူးသေးသည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/755055 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။)
China Vanke သည် ကျင်းပူခရိုင်ရှိ မြေကွက်အမှတ် ၃၃-၀၁ ကို လေလံကြမ်းခင်းဈေးဖြစ်သော ယွမ်ငွေ ၂ ဒသမ ၉၅ ဘီလီယံ (ကန်ဒေါ်လာ ၄၃၆ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြသည်။
စတုရန်းမီတာ ၄၉၅၀၀ ( စတုရန်းပေ ၅၃၃၀၀၀) ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၈၉၀၀၀ ရှိသည့် နေအိမ်များ ဆောက်လုပ်ရန် အတည်ပြုထားပြီးဖြစ်သည်။
ကွမ်တုံအခြေစိုက် developer ဖြစ်သော China Merchants Shekou က ဝယ်ယူခဲ့သည်မှာ ကျင်းပူခရိုင်ရှိ မြေကွက်အမှတ် ၂၇-၀၄ ဖြစ်ပြီး ယွမ်ငွေ ၃ ဒသမ ၂၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယင်းငွေ ပမာဏမှာလည်း လေလံကြမ်းခင်းဈေးသာဖြစ်ပြီး မြေကွက်အကျယ်အဝန်းမှာ စတုရန်းမီတာ ၃၃၁၉၀ ရှိသည်။
ယင်းမြေကွက်တွင် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၉၇၉၀၀ ရှိမည့် နေအိမ်ပေါင်း ၁၃၈၉ ဆောက်လုပ်ရန် အတည်ပြုခွင့်ပြုချက် ရထားပြီးဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)