အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
6 Aug 2018 11:18 am တွင် တင်ခဲ့သည်
1783 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နောဝစ်ခ်ျမြို့ သည် ဝန်ဆမ်မြစ်ကမ်းပါးတွင်တည်ရှိပြီး လန်ဒန်မြို့ ၏ အရှေ့မြောက်ဘက် ၁၆၁ ကီလိုမီတာ (မိုင် ၁၀၀) ခန့်အကွာတွင် တည်ရှိသည်။

ရောင်းချမည့်နေအိမ်မှာ Ringland Estate ဟု အမည်ရပြီး အိပ်ခန်း ၅ ခန်း၊ အိမ်တွင်းရေကူးကန်တစ်ခုတို့ ပါဝင်ပြီး ပေါင် ၉ ဒသမ ၇၅ သန်းဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။

ခြံဝန်းအတွင်း အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံးလည်း ပါဝင်သေးပြီး မြစ်ကမ်းနှင့် ထိစပ်လျက်ရှိသည့် ရှည်လျားသည့် မြေနေရာ ပါဝင်သည်။

မြေဧကပေါင်း ၁၀၀၀ ကျော်အနက် စိုက်ပျိုးနိုင်သည့်မြေ ၅၈၈ ဧက၊ စားကျက်မြေ ၁၂၂ ဧကနှင့် သစ်တောမြေ ၁၇၈ ဧကတို့ ပါဝင်သည်။

Savills ၏ အင်္ဂလန်အရှေ့ပိုင်း ယာတောအိမ်ခြံမြေ ရောင်းဝယ်ရေးဆိုင်ရာ အကြီးအကဲ ခရစ္စတိုဖာ မိုင်းစ်က ပြောကြားရာတွင် “လက်ရှိပိုင်ရှင်နဲ့ သူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းတို့ဟာ ဝန်ဆမ်တောင်ကြားကို စီးမိုးရှုမြင်နေရတဲ့ မယုံနိုင်ဖွယ်ရာရှုခင်းတွေ ပိုင်ဆိုင်ထားတဲ့ နေအိမ်ကြီးကို ဆောက်လုပ်ခဲ့ကြပါတယ်။
နောဝစ်ခ်ျနဲ့ နီးစပ်တဲ့နေရာတစ်ခုမှာ ဒီလိုမျိုးနေရာမျိုးရနိုင်ဖို့ မလွယ်ပါဘူး။

နေအိမ်ကို ဆောက်လုပ်ထားတာကလည်း မျက်မှောက်ခေတ် လူနေမှုဟန်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် စံနှုန်းသွင်ပြင်တွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နေအိမ်အနီးရှိ ပန်းဥယျာဉ်များကို စီးမိုးရှုမြင်နေရသည့် တောင်ဘက်သို့ မျက်နှာမူသော လသာဆောင်မြင့်တစ်ခုလည်း ပါဝင်သည်။

ပထမထပ်တွင် master bedroom တစ်ခန်းပါဝင်ပြီး အခြား အိပ်ခန်း ၄ ခန်းလည်း ပါဝင်သေးကာ အားလုံးမှာ master bedroom များ ဖြစ်ကြသည်။

မြေညီထပ်တွင် အိမ်တွင်း ရေကူးကန်တစ်ခုနှင့် အရက်ဘားတို့ ပါဝင်သည်။

အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက Savills ကုမ္ပဏီသို့ ဖုန်းနံပါတ် 01603 229229 မှတဆင့် ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း နောဝစ်ခ်ျမြို့အနီးတွင် ဧကပေါင်း ၁၀၀၀ ကျော်ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် ကျေးလက်စံအိမ် ပေါင် ၁၀ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service