တရုတ်အစိုးရက အိမ်ခြံမြေဈေးကွက်ထိန်းချုပ်မှုများ မြင့်တက်လာချိန်တွင် ရှန်ဟိုင်းအာဏာပိုင်တို့က ယွမ်ငွေ ၅ ဘီလီယံကျော် တန်ကြေးရှိ မြေကွက်များ လေလံတင်ရောင်းချရန် စီစဉ်ထားမှုကို ဖျက်သိမ်း

တရုတ်အစိုးရက အိမ်ခြံမြေဈေးကွက်ထိန်းချုပ်မှုများ မြင့်တက်လာချိန်တွင် ရှန်ဟိုင်းအာဏာပိုင်တို့က ယွမ်ငွေ ၅ ဘီလီယံကျော် တန်ကြေးရှိ မြေကွက်များ လေလံတင်ရောင်းချရန် စီစဉ်ထားမှုကို ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
3 Aug 2018 11:53 am တွင် တင်ခဲ့သည်
1793 ကြိမ် ကြည့်ရှု့ပြီး
တရုတ်အစိုးရသည် အိမ်ခြံမြေဈေးကွက်အပေါ် ကန့်သတ်ထိန်းချုပ်မှုများ အရှိန်မြှင့်တင်လာလျက်ရှိရာ ရှန်ဟိုင်းအာဏာပိုင်တို့က ယွမ်ငွေ ၅ ဘီလီယံကျော် တန်ကြေးရှိ မြေကွက်များ လေလံတင် ရောင်းချရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယွမ်ငွေ ၅ ဒသမ ၄၁ ဘီလီယံ ( ကန်ဒေါ်လာ ၇၉၆ ဒသမ ၄ သန်း) တန်ကြေးရှိ အဆိုပါမြေနေရာများ လေလံတင်ရန် ဖျက်သိမ်းလိုက်ခြင်း၏ အကြောင်းရင်းကိုမူ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိချေ။
ရောင်းချမည့်မြေနေရာများတွင် လူနေစီမံကိန်းမြေနေရာ ၂ ခုနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မြေကွက် ၂ ခုတို့ ဖြစ်ကြသည်။

Developer တို့အနေဖြင့် မြေနေရာများဝယ်ရန် ပိုမိုခက်ခဲသည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်းလည်း ဈေးကွက်သုတေသီတို့က သုံးသပ်သည်။

တချိန်တည်းမှာပင် အိမ်ခြံမြေဝယ်ယူမှုများကို တင်းကျပ်သည့် ကန့်သတ်မှုများ ပြုလုပ်လာခြင်းကြောင့် အိမ်ခြံမြေသစ် အရောင်းအဝယ်ပမာဏမှာလည်း ကျဆင်းလာနေသည်။

အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ကျဆင်းသွားခဲ့ပြီး ယခင်နှစ်က ဖွံ့ဖြိုးမှု ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိတော့ သည်ဟု ဆိုသည်။

လေလံဖျက်သိမ်းလိုက်သည့် မြေနေရာ ၂ ခုဖြစ်သော ရှန်ဟိုင်းမြို့၊ ဘောက်ရှန်အရပ်ရှိ မြေကွက်များမှာ ယွမ်ငွေ ၂ ဒသမ ၆၅ ဘီလီယံ ( ကန်ဒေါ်လာ သန်း ၃၉၀) တန်ကြေးရှိသည်။

ယင်းအနက် စတုရန်းမီတာ ၅၆၇၉၄ ကျယ်ဝန်းသော ပထမမြေကွက်တစ်ကွက်ကို ကြမ်းခင်းဈေး ယွမ်ငွေ ၂ ဒသမ ၆၃ ဘီလီယံဖြင့် ရောင်းချရန် စီစဉ်ခဲ့ပြီး စတုရန်းမီတာ ၂၀၀၄ ကျယ်ဝန်းသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မြေကွက်ကိုမူ ယွမ်ငွေ ၁၂ ဒသမ ၀၃ သန်းဖြင့် ရောင်းချရန် စီစဉ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်အစိုးရက အိမ်ခြံမြေဈေးကွက်ထိန်းချုပ်မှုများ မြင့်တက်လာချိန်တွင် ရှန်ဟိုင်းအာဏာပိုင်တို့က ယွမ်ငွေ ၅ ဘီလီယံကျော် တန်ကြေးရှိ မြေကွက်များ လေလံတင်ရောင်းချရန် စီစဉ်ထားမှုကို ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service