လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ နေအိမ်သည် Twilight Saga ပရိသတ်တို့အတွက် အကောင်းမွန်ဆုံး လက်ဆောင်တစ်ခု ဖြစ်တန်ရာချေရှိသည်။
ရောဘတ် ပက်တင်ဆန်နှင့် သူ၏ ပထမဆုံးချစ်သူ ခရစ္စတန် စတီးဝပ်တို့ နေထိုင်ခဲ့သည့် နေအိမ်ဖြစ်ပြီး လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်၊ ဆဲလ်ကစ်ခ်လိန်းတွငသ် တည်ရှိကာ ကန်ဒေါ်လာ ၆ သန်းမျှဖြင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းအကျယ် ဧကဝက်ရှိပြီး သီးသန့်ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိကာ Stone Canyon အမည်ရှိ ရေလှောင်ကန်ကြီးကို စီးမိုးရှုမြင်နေရသည်။
သီးသန့်အငူတစ်ခုပေါ်တွင် တည်ရှိပြီး Stone Canyon ရေလှောင်ကန်ကြီးကို စီးမိုးရှုမြင်နေရသည့် အနောက်ဘက်ကို မျက်နှာမူသော အဆောက်အအုံနှစ်ခုအနက် တစ်ခုဖြစ်သည်။
ရေလှောင်ကန်ကြီးနှင့် ဘဲအဲရ်အရပ်တို့ကို စိုးမိုးတွေ့မြင်နေရသည့် ဆိတ်ငြိမ်စိမ်းလန်းသော ရှုမျှော်ခင်းများ ဝန်းပတ်နေသည် အဆိုပါစံအိမ်ကြီးကို ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြုပြင်မွမ်းမံမှုများလည်း မကြာသေးမီကပင် ပြုလုပ်ထားသေးသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၆၀၄ ရှိပြီး ဆင်ဝင်လှေကားထစ်များမှ ဝင်ရောက်သွားလျှင် ကျယ်ပြောသော ဧည့်ခန်းနှင့် ညစာစားခန်းတို့သို့ ရောက်ရျိမည်ဖြစ်ပြီး ထူးခြားချက်မှာ မြင့်မားသော သစ်သားမျက်နှာကြက်နှင့် သစ်မာသား ကြမ်းခင်းများ ဖြစ်ကြသည်။
နေအိမ်အပြင်ဘက်တွင် ကျယ်ဝန်းသည့် လသာဆောင်နေရာတစ်ခု ပါဝင်ပြီး ဖျော်ဖြေရေးနှင့် အကင်ပြုလုပ်စားသောက်ရန် နေရာနှင့် နေဝင်ဆည်းဆာချိန်ကို ကြည့်ရှုနိုင်မည့် ရှုခင်းကြည့် အဆောက်အအုံတို့ ပါဝင်သည်။
နေအိမ်အတွင်း master bedroom ၊ အခြားအိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း၊ အဝတ်လျှော်ခန်း၊ မီးဖိုဆောင်၊ မီဒီယာခန်းမတို့လည်း ပါဝင်သည်။
ခြံဝန်းအတွင်း ပင်မနေအိမ်အပြင် စတုရန်းပေ ၁၄၄၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သေးသည်။
အဆောက်အအုံများ၏ အခန်းတိုင်းမှနေ၍ ရေလှောင်ကန်ကြီးနှင့် တောင်ကြားအလှတို့ကို တွေ့မြင်ရသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)