ရန်ကုန်မိုးပျံလမ်းစီမံကိန်း ၃ နှစ်အပြီးတည်ဆောက်သွားမယ်လို့ဆို

ရန်ကုန်မိုးပျံလမ်းစီမံကိန်း ၃ နှစ်အပြီးတည်ဆောက်သွားမယ်လို့ဆို - Property News in Myanmar from iMyanmarHouse.com
2 Aug 2018 10:39 am တွင် တင်ခဲ့သည်
2163 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မိုးပျံလမ်းစီမံကိန်း ၃ နှစ်အပြီးတည်ဆောက်သွားမယ်လို့ဆို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြော ဆိုပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်က ရန် ကုန်တိုင်းဒေသကြီးအတွင်း၌ ပြည်သူလူထုသွားလာမှု အဆင်ပြေစေရန်နှင့် ကားကြပ်တည်းမှုများ လျော့ပါးစေ ရန်အတွက် Inner Ring Road ပြုလုပ်ရန် အစီအစဉ်ကို မည်သို့စီမံကိန်းချပြီး ဆောင်ရွက်မည်ကို သိလိုခြင်းမေး မြန်းမှုအပေါ် ဒုတိယဝန်ကြီးကပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

ဦးကျော်လင်းက ရန်ကုန် Inner Ring Road Plan ကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)မှ အဆိုပြုတင်ပြလာခဲ့မှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ World Bank Group အဖွဲ့ဝင် ဖြစ်တဲ့ International Finance Corporation(IFC) အဖွဲ့အစည်းကို Consultant အဖြစ်ငှားရမ်း၍ Yangon Inner Ring Road ကို အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောဆိုပါ တယ်။

စီမံကိန်းဒုတိယအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် Request for Qualification ခေါ်ဆိုသွားမည် ဖြစ်ပြီး အောင်မြင်သွားတဲ့ကုမ္ပဏီများအား စီမံကိန်းတတိယအဆင့်အနေဖြင့်၂၀၁၈ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင် ဘာလတို့တွင် Request for Proposal ကို ဆက်လက်ခေါ်ယူသွားမည်ဖြစ်တယ်လို့ သိရပါ
တယ်။

နောက်ဆုံးအဆင့်ဖြစ်တဲ့ Bidder Winning Award and Contracting ကို ၂၀၁၉ ခုနှစ်ဇန်နဝါရီလနှင့် ဖေဖော်ဝါ ရီလတွေမှာ ဆာင်ရွက်မှာဖြစ်ပြီး နောက်ဆုံးအဆင့် ဆောင်ရွက်ပြီးသည်နှင့်တစ်ပြိုင်နက် တည်ဆောက်ရေးလုပ် ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့်အချိန်မှစ၍ သုံးနှစ်အတွင်း အပြီးတည်ဆောက်သွားမယ် လို့ ဆက်ပြီးပြောဆိုပါတယ်။

၎င်းစီမံကိန်းလုပ်ငန်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်သွားမှာမဟုတ်ဘဲ နိုင်ငံတကာကုမ္ပဏီများ၏ ကိုယ်ပိုင်အရင်းအနှီးဖြင့် ထည့်ဝင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းသည် ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်မှစတင်ပြီး ဗိုလ်တစ် ထောင် ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်လမ်း၊ မြောက်ဥက္ကလာလမ်း၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံ လမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်‌မြင်တိုင်လမ်းတို့ကို ဖြတ်သန်းပြီး ပန်းလှိုင်လမ်းထောင့်မှာ ဆုံးမှာဖြစ်တယ်လို့ သိ ရပါတယ်။

Credit: SFJ Strategy First Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service