အွန်လိုင်းစနစ်သုံး ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCo) ကို ဩဂုတ် ၁ ရက်တွင် စတင်ကျင့် သုံးရာ ကုမ္ပဏီများ စုပြုံမှတ်ပုံ တင်ခြင်းကြောင့် ဆာဗာဒေါင်းပြီး ညနေပိုင်းမှသာ ပြန်လည် စတင်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်း က ပြောသည်။
ကုမ္ပဏီဥပဒေအသစ်ကြောင့် ဩဂုတ် ၁ ရက်တွင် ကုမ္ပဏီများ အွန်လိုင်းမှ ပြန်လည်မှတ်ပုံတင်ရပြီး ဆာဗာပြုတ်ကျခြင်းနှင့် ကုမ္ပဏီများ အချက်အလက်မှားခြင်းကြောင့် ကုမ္ပဏီနှစ်ခုသာ မှတ်ပုံတင်ပြီးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
‘‘မနက်ပိုင်းမှာ ကုမ္ပဏီတွေ စုပြုံတိုးတာကြောင့် ဆာဗာကျပ် သွားတယ်။ ညနေပိုင်း ရုံးဆင်းတဲ့ အချိန်မှာ ပြန်ရသွားတယ်။ မနက် ဖြန်ကျရင် ဆာဗာတစ်ခုတည်း ပြိုင်မတိုးအောင် လေး၊ ငါးခု လောက်ခွဲထားမယ်’’ ဟု ၎င်းက ပြောသည်။
အဆိုပါစနစ် အသုံးပြု၍ ပြန် လည်မှတ်ပုံတင်သည့် ကုမ္ပဏီ၂၅ ခုခန့်ရှိပြီး အများစုသည် အချက်အလက်များ ပြည့်စုံမှန်ကန်မှုမရှိခြင်းနှင့် မှားယွင်းခြင်းများကြောင့်အတည်ပြုချက် မလုပ်ပေးနိုင်ခဲ့ ကြောင်းနှင့် ကုမ္ပဏီနှစ်ခုကိုသာ အတည်ပြုပေးနိုင်ကြောင်း ဦးမျိုး မင်းက ပြောသည်။
MyCo သည် မြန်မာနိုင်ငံ တွင် ပထမဆုံး e-Government စနစ်ကို အပြည့်အဝအကောင်အ ထည်ဖော်နိုင်သည့် ဌာနတစ်ခုဖြစ် လာမည်ဖြစ်သည်။
‘‘Website က Speed နှေး နေလို့ တစ်နေ့လုံး အဆင်မပြေ ဘူး။ နောက်လလယ်လောက်မှ အေးဆေးလုပ်မယ်။ အချိန်လည်းခြောက်လလောက် ရပါသေး တယ်’’ဟု ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးက ပြောသည်။
ကုမ္ပဏီများ ပြန်လည်မှတ်ပုံ တင်ရာတွင် ငွေကြေးတစ်စုံတစ် ရာ မပေးရသော်လည်း အွန်လိုင်း စနစ်ကို အသုံးမပြုဘဲ ရုံးကိုလာ တင်ပါက ဝန်ဆောင်ခ ကျပ် ၅၀,၀၀၀ ပေးရမည်ဟု အဆိုပါ ဌာနက ဆိုထားသည်။
လက်ရှိတွင် စနစ်ဟောင်း ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၆၀,၀၀၀ ခန့်ရှိသည်။
နှစ် ၁၀၀ ကျော်ကြာမြင့်နေ သည့် ကုမ္ပဏီဥပဒေ အသစ်ကို ၂၀၁၄ တွင် ပြင်ဆင်ရေးဆွဲပြီး ၂၀၁၇ တွင် အတည်ပြုပြဋ္ဌာန်းနိုင် ခဲ့သည်။ ထိုဥပဒေတွင် စီးပွားရေး လုပ်သာကိုင်သာရှိရေး ဖြေလျှော့မှု အများအပြား ပြုလုပ်ထား ကြောင်း ဌာနက ဆိုထားသည်။
Credit: 7Daydaily