စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ ဒုတိယသုံးလပတ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်

စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ ဒုတိယသုံးလပတ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1 Aug 2018 11:27 am တွင် တင်ခဲ့သည်
1508 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်အတွင်း စင်္ကာပူရှိ ပုဂ္ဂလိကအိမ်ဈေးများသည် ပထမသုံးလပတ်ထက် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊
ယင်းဒုတိယသုံးလပတ်မြင့်တက်နှုန်းသည် ပထမသုံးလပတ် မြင့်တက်နှုန်း ၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင်မူ ၀ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (URA) က ပြီးခဲ့သည့်
သောကြာ (ဇူလိုင် ၂၇) တွင် ထုတ်ပြန်ခဲ့သည်။

"ယခုလို ပုဂ္ဂလိကအိမ်ဈေးနှုန်းမြင့်တက်နေတာဟာ ဒီဒုတိယသုံးလပတ်နဲ့ဆို သုံးလပတ်လေးခုဆက်တိုက်ရှိပါပြီ။" ဟု CBRE အိမ်ခြံမြေဝန်ဆောင်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ စင်္ကာပူနှင့် အရှေ့တောင်အာရှဆိုင်ရာ
သုတေသနခေါင်းဆောင် ဒက်စ်မွန်ဆင်းမ်က ပြောကြားခဲ့သည်။

RCR နှင့် OCR အရပ်နှစ်ခုစလုံး၌ စီမံကိန်းသစ်များအား ဝယ်လိုအားကောင်း
မှုကြောင့် RCR တွင် ဈေးနှုန်း ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး OCR တွင်
၃ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်မှုတို့ကြောင့် ယင်းသို့ ဈေးနှုန်းမြင့်တက်
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယသုံးလပတ်အတွင်း ပုဂ္ဂလိကအိမ်ခန်း ၂,၃၆၆ ရောင်းချခဲ့ရပြီး အခြေအနေကောင်းမွန်ခဲ့ကာ ထိုကာလအတွင်း တည်ဆောက်မပြီးစီးသေးသည့် ပုဂ္ဂလိကအိမ်ခန်း ၂,၄၃၇ ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့သည်။

၎င်းဈေးကွက်ထဲဝင်ရောက်လာခဲ့မှုပမာဏသည် သုံးလပတ်ငါးခုအတွင်း အမြင့်ဆုံးနှုန်းဖြစ်ကြောင်း ဆင်းမ်က ပြောကြားခဲ့သည်။ "ရောင်းအား
ကောင်းမွန်ခဲ့ပေမဲ့လည်း ဝယ်လိုအားက ရောင်းလိုအားကို မမီခဲ့ဘဲ ၂၀၁၈
ခုနှစ် ဒုတိယသုံးလပတ်မှာ ရောင်းမထွက်ခဲ့တဲ့အိမ်ခန်း ၂၆၉၆၁ ခန်း ရှိခဲ့ပါတယ်။ ပထသုံးလပတ်တုန်းက ရောင်းမထွက်ခဲ့တဲ့အိမ်ခန်းအရေအတွက်
၂၄၁၉၃ ထက်ကို သိသိသာသာ များခဲ့တာပါ။" ဟုလည်း သူက
ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်တွင် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းရေးကုမ္ပဏီ) များက အိမ်ခန်းသစ် ၂,၀၁၁
သာ ဈေးကွက်ထဲ မိတ်ဆက်ခဲ့ပြီး ၃,၀၇၇ ခန်း ရောင်းချခဲ့ရသည်။ ယခုသတင်းတွင် ပါဝင်သော ကိန်းဂဏန်းများတွင် Executive Condominium
(အများပြည်သူ (အစိုးရ) နှင့် ပုဂ္ဂလိကဖက်စပ်အိမ်ရာ) များအား ထည့်သွင်းမတွက်ချက်ထားပေ။

၂၀၂၁ ခုနှစ်မကုန်မီ ပြီးစီးရန်လျာထားကြသည့် အိမ်ရာစီမံကိန်းများအရ ယခုနှစ် သို့မဟုတ် ၂၀၁၉ ခုနှစ်အတွင်း အိမ်ခန်းသစ်များအလုံးအရင်းလိုက် ဈေးကွက်ထဲ ဝင်ရောက်လာနိုင်ကြောင်းလည်း URA က ထုတ်ပြန်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service