စီးပွားရေးကဏ္ဍတွင် ယခင်က ခက်ခဲစွာလိုက်နာဆောင် ရွက်နေရသည့် အလေ့အထအား လုံးကို ကျော်လွှားနိုင်ပြီဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦစိုးဝင်းက ပြောသည်။
သြဂုတ် ၁ ရက်တွင် စတင် ကျင့်သုံးမည့် ကုမ္ပဏီဥပဒေအသစ် အသက်
ဝင်ကြောင်း မိတ် ဆက်ခြင်း အခမ်းအနား၌ ၀န်ကြီးက ပြောကြားခဲ့ပြီး ယခုအသက်ဝင်လာသည့် ကုမ္ပဏီဥပဒေ အသစ်က မြန်မာ့စီးပွားရေးကဏ္ဍ တွင်
အခြေခံကောင်း တစ်ခုဖြစ် သည်ဟု ဦးစိုးဝင်းက ဆိုသည်။
၂၀၁၇ ကုမ္ပဏီဥပဒေအသစ် ကို သြဂုတ် ၁ ရက်တွင် စတင် ကျင့်သုံးမည်ဖြစ်ပြီး www.myco.dica.gov.mm သို့ ၀င်ရောက်မှတ်ပုံတင်ရမည် ဖြစ်သည်။
MyCO သည် မြန်မာနိုင်ငံ တွင် ပထမဆုံး e-Government စနစ်ကို
အပြည့်အ၀ အကောင် အထည်ဖော်နိုင်သည့် ဌာနတစ်ခု ဖြစ်လာမည် ဖြစ်
သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှု ဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ်
ဦးအောင်နိုင်ဦး က ဥပဒေအသစ်သည် ယခင်နှစ် ၁၀၀ ကျော်ကြာမြင့်နေသည့် ကုမ္ပဏီဥပဒေအသစ်ကို အစား ထိုးနိုင်ခြင်း၊ ဥပဒေအသစ်တွင် ရှယ်ယာရှင်တစ်ဦး၊ ဒါရိုက်တာ တစ်ဦးတည်းဖြင့် ကုမ္ပဏီထောင် နိုင်ခြင်း၊ ကုမ္ပဏီအသေးစားများ အတွက် သက်သောင့်သက်သာ ရှိစေခြင်း၊ အများပိုင်ကုမ္ပဏီများ တွင် အသေးစားရှယ်ယာစုရှင်များ ကာကွယ်ပေးနိုင်ခြင်းနှင့် နိုင်ငံ ခြားသားများကို ကုမ္ပဏီတွင် ရှယ် ယာ ၃၅ ရာခိုင်နှုန်း ပါဝင်နိုင်ခြင်းတို့သည် ထူးခြားချက်များဖြစ်
သည် ဟု ဆိုသည်။
၂၀၁၇ ကုမ္ပဏီဥပဒေကို ၂၀၁၄ တွင် စတင်ရေးဆွဲခဲ့ခြင်းပြီး ၂၀၁၇ တွင်
အတည်ပြုခဲ့သည်။ ကုမ္ပဏီတွင် အထောက်အကူပြု စေခြင်း စည်းမျဉ်း စည်းကမ်းများ ရေးဆွဲနေခြင်းကြောင့် ၂၀၁၈ သြဂုတ် ၁ ရက်တွင်မှ စတင်အ
သက်ဝင်ခြင်း ဖြစ်သည်။
Credit: 7Daydaily