၂၀၂၀ တိုကျိုအိုလံပစ်အကြိုကာလတွင် ဂျပန်၌ အိမ်ခြံမြေဈေးကွက် မကြုံဖူးအောင် ဦးမော့လာလျက်ရှိ

၂၀၂၀ တိုကျိုအိုလံပစ်အကြိုကာလတွင် ဂျပန်၌ အိမ်ခြံမြေဈေးကွက် မကြုံဖူးအောင် ဦးမော့လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
31 Jul 2018 11:56 am တွင် တင်ခဲ့သည်
1664 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာမည့် ၂၀၂၀ ပြည့်နှစ်၌ နွေရာသီအိုလံပစ်ပွဲတော် လက်ခံကျင်းပမည်ဖြစ်ရာ အဆိုပါပွဲတော်ကြီး အကြိုကာလအတွင်း တိုကျိုမြို့ ၏ အိမ်ခြံမြေဈေးကွက်သည် မကြုံဖူးအောင် ဦးမော့လာနေလျက်ရှိကြောင်း ဂျပန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တိုကျိုတွင် အိမ်ငှားခများ မြင့်တက်လာမှုနှင့်အတူ နိုင်ငံခြားအရင်းအနှီးများ အလုံးအရင်းဝင်ရောက်လာနေမှုကြောင့် တိုကျိုအိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာလျက်ရှိနေသည်။

အိမ်ခြံမြေများစွာမှာ မူလဝယ်ယူခဲ့စဉ်ကဈေးနှုန်းထက် အလွန်များပြားသည့် ဈေးနှုန်းများဖြင့် ရောင်းချလာလျက်ရှိသည်။

ဈေးကွက်တင်ထားသည့်အိမ်ခြံမြေများ၏ တန်ဖိုးမှာလည်း မူလဈေးကွက်တင်ခဲ့စဉ်ထက် နှစ်ဆကျော် မြင့်တက်လာနေသည်။

အိမ်ခြံမြေသုတေသီတို့ သတိပေးထားသည်မှာ အိုလံပစ်ပွဲတော်အလွန်တွင် ဈေးကွက်ပြိုလဲမှုဖြစ်နိုင်ချေရှိသည်ဟုလည်း သတိပေးထားသည်။

အိမ်ခြံမြေကုမ္ပဏီများမှာ ဈေးကွက်ဖွံ့ဖြိုးလာမှုအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးနှင့် အိုလံပစ်အလွန် ဈေးကွက်ပြိုလဲနိုင်မှု အလားအလာအကြား ဆုံးဖြတ်ချက်ချနိုင်ရန် လွန်ဆွဲနေရသည့် စိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်ရလျက် ရှိသည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံး နိုင်ငံရန်ပုံငွေတစ်ခုဖြစ်သော နော်ဝေအစိုးရ၏ ပင်စင်ရန်ပုံငွေအဖွဲ့က ပြီးခဲ့သော ၂ နှစ်ခန့်က ဂျပန်အိမ်ခြံမြေလောကသို့ စတင်ဝင်ရောက်ခဲ့သော်လည်း ထိုစဉ်က ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာ ပြုလုပ်ခဲ့သည်။

သို့ရာတွင် ယခုအချိန်တွင်မူ Tokyu Fudosan Holdings နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ယန်းငွေ ၁၃၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ) ဖိုးအထိ ပြုလုပ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၂၀၂၀ တိုကျိုအိုလံပစ်အကြိုကာလတွင် ဂျပန်၌ အိမ်ခြံမြေဈေးကွက် မကြုံဖူးအောင် ဦးမော့လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
၂၀၂၀ တိုကျိုအိုလံပစ်အကြိုကာလတွင် ဂျပန်၌ အိမ်ခြံမြေဈေးကွက် မကြုံဖူးအောင် ဦးမော့လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
၂၀၂၀ တိုကျိုအိုလံပစ်အကြိုကာလတွင် ဂျပန်၌ အိမ်ခြံမြေဈေးကွက် မကြုံဖူးအောင် ဦးမော့လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
၂၀၂၀ တိုကျိုအိုလံပစ်အကြိုကာလတွင် ဂျပန်၌ အိမ်ခြံမြေဈေးကွက် မကြုံဖူးအောင် ဦးမော့လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service