ဟံသာဝတီလေဆိပ် စီမံကိန်း စတင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် မဆုံးဖြတ် ရသေးကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
ဇူလိုင် ၂၈ ရက် က ပဲခူးမြို့ တွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအ ပါအဝင် ပြည်သူ့ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် သမ္မတက ပြောကြားခဲ့သည်။
‘‘ပြည်ထောင်စုအစိုးရက အဲဒီ (ဟံသာဝတီ) လေဆိပ်စီမံ ကိန်းကို ဘယ်လို ဆုံးဖြတ်မလဲ ကျွန်တော်မေးမယ်။ ကျွန်တော် သိသလောက် မဆုံးဖြတ်ရသေး ဘူး။ လာမယ့် ကုမ္ပဏီကလည်း မသေချာသေးဘူး။ ဂျပန် ကျွန် တော်သိတယ်။ မသေချာသေး ဘူး’’ ဟု ဦးဝင်းမြင့်ကပြောသည်။
စီမံကိန်းအတွက် လာ ရောက်ကြည့်ရှုသည့် ကုမ္ပဏီအား လုံးသည် တွန့်ဆုတ်တွန့်ဆုတ်နှင့် လက်ရှောင်နေသည်ဟု ၎င်းက ပြောသည်။ ဟံသာဝတီလေဆိပ် စတင် တည်ဆောက်မည့် အ ကြောင်းနှင့် မလွတ်မလပ်သည့် မြေနေရာများကို မကြာမီ လျော် ကြေးပေးတော့မည်ဟူသော စကားများ မပြောဆိုရန်လည်း သမ္မတက တွေ့ဆုံပွဲတွင် သတိ ပေးသည်။
ဟံသာဝတီ လေဆိပ်စီမံကိန်းသည် ပဲခူးတိုင်းအတွက် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လာစေရေး အဓိကမျှော်လင့်ချက် ဖြစ်ပြီး အမြတ်အစွန်းနှင့် ရင်းနှီး မြှုပ်နှံမှုကို ညှိနှိုင်းပြီးပါက ၂၀၁၈ အတွင်း လုပ်ငန်းစတင်နိုင်ရန် မျှော်မှန်းထားကြောင်း ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၁၇ နိုဝင်ဘာတွင် ပြောကြားခဲ့သည်။
ဟံသာဝတီလေဆိပ်စီမံကိန်း ကို ယခင်အစိုးရလက်ထက်က တင်ဒါနှစ်ကြိမ်ခေါ်ယူပြီး JGC Youngnan၊ ချန်ဂီ ဂျပန်နှင့် စင် ကာပူဖက်စပ် ကွန်ဆော်တီယမ် ကုမ္ပဏီတို့က အကောင်အထည် ဖော်ရန် စီစဉ်ခဲ့ကြောင်း၊ ဒီချုပ် အစိုးရလက်ထက်တွင်လည်း ဆက်လက် ညှိနှိုင်းမှုရှိနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က 7Day Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်း၌ ပြောကြားထား သည်။
‘‘အမှန်ပြောရရင်တော့ လေဆိပ်ရဲ့ အားနည်းချက်က ဝေး တာ။ ရန်ကုန် Downtown (မြို့ တွင်းမြို့နယ်)နဲ့ ဟံသာဝတီလေ ဆိပ်က ဝေးတာ။ ကျန်တဲ့နေရာ လည်း ရှာဖို့မရှိဘူး။ ဟံသာဝတီ ဆိုတာနဲ့ စလိုက်ရင် ရန်ကုန်နဲ့ ဟံသာဝတီကို သွားဖို့ လမ်းလုပ် ရမှာပေါ့။ တစ်နာရီအတွင်း ရောက်ဖို့လိုမယ်လေ’’ဟု ဦးသန့် စင်မောင်က ပြောသည်။
ဒုတိယကမ္ဘာစစ် ဂျပန်ခေတ် က လေဆိပ်သဖွယ် အသုံးပြုခဲ့ သော ပဲခူးမြို့ ကျောက်တိုင် ကန်ရွာအနီးရှိ မြေဧက ၉၀၀ ကျော်တွင် အကောင်အထည်ဖော် မည့် ဟံသာဝတီလေဆိပ် စီမံ ကိန်းသည် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျဖွယ်ရှိ ကြောင်း သက်ဆိုင်ရာ ဝန်ကြီး ဌာနက ခန့်မှန်းထားသည်။
Credit: 7Daydaily