ယခုအစိုးရလက်ထက် ဘဏ္ဍနှစ်သုံးနှစ်အတွင်း ၀န်ထမ်းများ အတွက် တန်ဖိုးနည်းအိမ်ရာ ၈၀၀၀ ကျော်ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
“လာမယ့်ဘဏ္ဍွှနှစ်သုံးနှစ်အတွင်းအိမ်ခန်းပေါင်း ၈၀၀၀ ကျော် ဆက်လက်ဆောက်လုပ်သွားပါမယ်။PPP စနစ်ဖြင့် ဌာနမှ အခန်းပေါင်း ၄ ထောင်ကျော်၊ကုမ္ပဏီများဘက်က အခန်းပေါင်း ၆ ထောင်ကျော် စုစုပေါင်း ၁ သောင်းကျော်ထွက်လာဖို့အတွက်ဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်တော်တို့ ဆီမှာအဆင်သင့်ရောင်းပေးဖို့ရှိတာ အခန်း ၅၀၀၀ ကျော်ရှိပါတယ်။ နမူနာ အနေနဲ့ တစ်ခန်းကို သိန်း ၁၂၀ နဲ့ ၁၅ နှစ်သက်တမ်းနဲ့အရစ်ကျရောင်းချသွားမည် “ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အတိုးနှုန်းများသည့်အတွက် ၀န်ထမ်းများစိတ်ဝင်စားမှုများ အားနည်းနေသည့်အပေါ် အစိုးရ၀န်ထမ်းများအား ၁၅ နှစ် ဆိုင်းနှင့်ရောင်းပေးမည်ဆိုပါကအတိုးနှုန်းသက်သာစွာရရှိစေနိုင်ရန်အတွက် နိုင်ငံတော်မှ စိုက်မလား၊ ထောက်ပံ့ရေးအဖွဲ့မှ စိုက်မလားဆိုသည့် အပေါ်ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် နည်းလမ်းများရှာဖွေဆောင်ရွက်နေကြောင်း သိရှိရသည်။
ယခုအစိုးရသစ်လက်ထက်တွင် နည်းလမ်းများတင်ပြ ခိုင်းထားသည့်အတွက် ဖြစ်နိုင်သည့်နည်းလမ်းများကိုထပ်မံ တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်ရာကဏ္ဍနှင့်ပတ်သက်၍ ၂၀၃၀ ခုနှစ်အထိ အိမ်ရာပေါင်း ၁ သန်းရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ နှစ်တာ ကာလအတွင်း အိမ်ရာကဏ္ဍ အနေဖြင့် ၁၀၉၂၄ ခန်းဆောင်ရွက်လျှက်ရှိပြီး အခန်းပေါင်း ၅၁၇၆ ခန်းပြီးစီးနေပြီဖြစ်ကြောင်းဆောက် လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့်အိမ်ရ.ဖွံဖြိုးရေးဦးစီးဌာနစာရင်းများအရသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com