ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရောင်းချလျက်ရှိသည့် ဗိုလ်မှုးဗထူးအိမ်ရာအိမ်ရာအပိုင်း၂ကို မည်သူမဆိုအခန်းတန်ဖိုး၃၀ရာခိုင်နှုန်းပေးသွင်းပြီးဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဇူလိုင်လ၂၇ရက်နေ့ကသိရသည်။
"အခန်းတန်ဖိုးရဲ့၃၀ရာခိုင်နှုန်းသွင်းပြီးလွှတ်လပ်စွာဝယ်ယူနိုင်ပြီ အခန်းတွေကိုစည်ပင်၁၀ထပ်ရုံးရဲ့ ၈လွှာမှာရောင်းချပေးနေတယ်လာဝယ်သူအနေနဲ့ မှတ်ပုံ
တင်ယူလာပြီးဝယ်နိုင်တယ် ''လို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှဒုတိယဌာနမှဦးဇော်ဝင်းကပြောသည်။
အဆိုပါတန်ဖိုးမျှတအိမ်ရာများကို တန်ဖိုးငွေ ကျပ်ဘီလီယံ ၃ဝခန့်ကုန်ကျခံဆောက်လုပ်ထားပြီး အိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှာ ဗိုလ်ဗထူးတန်ဖိုးမျှတ
အိမ်ရာစီမံကိန်း(ပထမအဆင့်)အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်း နှင့် ဘုရင့်နောင်လမ်းထောင့် ဆုံရာနေရာတွင် တည်ရှိသည်။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း(ဒုတိယအဆင့်)တွင်နေအိမ်တိုက်ခန်း စတုရန်းပေ ၉၂၇ပေ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက်အဆောက်အအုံ ၁၉လုံးနှင့် နေအိမ်တိုက်ခန်းစတုရန်းပေ ၆၁၄ပေ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက် အဆောက်အအုံရှစ်လုံး တို့ကိုဆောက်လုပ်ထားကာ စုစုပေါင်းအဆောက်အအုံ ၂၇ လုံးဆောက်လုပ်ထားကြောင်း နှင့် အိမ်ခန်းပေါင်း ၈၆၄ ခန်းပါဝင်ဆောက်လုပ်ထားကြောင်းသိရသည်။
ယင်းစီမံကိန်းမှပြီးခဲ့သည့်၂၀၁၇ခုနှစ်အတွင် မဲဖောက်ရောင်းချပေးထားသော နေအိမ်တိုက်ခန်း ဝယ်ယူလိုသည့်လျှောက်လွှာပေါင်း ၅ဝဝဝကျော် လက်ခံရရှိခဲ့ပြီး ယင်းနေအိမ်တိုက်ခန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၁၇ရက်ထိ နှစ်လတာကာလ အတွင်း ပထမအရစ်ငွေပေးသွင်းရန် သတ်မှတ်ခဲ့ရာ နေအိမ်တိုက်ခန်းပေါင်း ၄၅၂ခန်းသာ ငွေပေးသွင်းခဲ့သောကြောင့်ကျန်ရှိသည့်၄၁၂ ခန်းမှာ မဲစနစ်ဖြင့် လျှောက်ထားခဲ့သော်လည်းလက်ရှိလာရောက်ငွေပေးသွင်းခြင်းမရှိသောကြောင့် ဝယ်ယူခွင့် ရရှိသူစာရင်းမှ တရားဝင်ပယ်ဖျက်လိုက်ပြီဖြစ်ပြီး ယင်းနေအိမ်တိုက်ခန်းများကို ယခုလမှစကာမည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ သိရသည်။
ယင်းနေအိမ်တိုက်ခန်းများ၏ ရောင်းဈေးအနေဖြင့် စတုရန်းပေ ၆၁၄ ပေ အကျယ်အဝန်းရှိ အခန်းကို ငွေကျပ် ၂၈၅ သိန်းဖြင့်လည်းကောင်း၊ စတုရန်းပေ ၉၂၇ ပေအကျယ်အဝန်းရှိအခန်းကို ငွေကျပ် ၃၇၇ သိန်းဖြင့် လည်းကောင်း စီစဉ်ရောင်းချပေးထားပြီးအခန်းဝယ်ယူမည့်သူများသည် အခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်း ကို ငွေပေးသွင်းကာ ကျန်ငွေကို အရစ်ကျ စနစ်ဖြင့် ပေးသွင်းနိုင်ရန်စီစဉ်သတ်မှတ်ထားကြောင်း ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍အခန်းတန်ဖိုးအတွက် ၁ဝနှစ်အရစ်ကျ ဝယ်ယူနိုင်ကြောင်း သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com