ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟောကင်း နေထိုင်ခဲ့ဖူးသော နေအိမ်ကြီး ပေါင် ၆ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟောကင်း နေထိုင်ခဲ့ဖူးသော နေအိမ်ကြီး ပေါင် ၆ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
30 Jul 2018 12:37 pm တွင် တင်ခဲ့သည်
1733 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟောကင်း တစ်ချိန်က ပိုင်ဆိုင်နေထိုင်ခဲ့ဖူးသော နေအိမ်ကြီး ပေါင် ၆ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည် ။

ကိန်းဘရစ်မြို့ ရှိ အဆိုပါနေအိမ်ကြီးတွင် စတီဖင်ဟောကင်းသည် ဒုတိယမြောက်ဇနီး အီလိုင်း မေဆင်နှင့်အတူ ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်များအကြား နေထိုင်ခဲ့ဖူးသည်။

သူ မကွယ်လွန်မီ ၈ နှစ်ခန့်အလိုတွင် အဆိုပါ နေအိမ်မှ ပြောင်းရွှေ့ ခဲ့သည်။

စတီဖင်ဟောကင်းသည် ယခုနှစ် မတ်လ ၁၄ ရက်တွင် ကွယ်လွန်ခဲ့ခြင်း
ဖြစ်သည်။

စတီဖင်ဟောကင်း အသက် ၂၁ နှစ်အရွယ်ကတည်းက အာရုံကြောဝေဒနာ
စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆရာဝန်များက နှစ်နှစ်အတွင်း သေဆုံးမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိန်းဘရစ်မြို့ ၊ ပိုင်းဟာ့စ် ဆောက်သ်ရှိ ယခုနေအိမ်ကြီးကို ၁၉၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး စတီဖင်ဟောကင်းက ဝယ်ယူလိုက်ကာ ပထမဆုံးစတင်နေထိုင်ခဲ့သူလည်း ဖြစ်သည်။

ဇနီးဖြစ်သူ၊ မိခင်နှင့် ကလေး ၃ ဦးထံမှ ထွက်ခွာခဲ့ကာ သူနာပြု ဂျိန်းနှင့်အတူ ပြောင်းရွှေ့ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

အိပ်ခန်း ၃ ခန်းပါ ယခုနေအိမ်ကြီးတွင် နေထိုင်နေစဉ် ၁၉၉၅ ခုနှစ်တွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြသည်။

ဂွန်ဗီးလ်နှင့် ကိုင်းရပ်စ်ကောလိပ်များသို့ လမ်းလျှောက်သွားလျှင် မိနစ် ၂၀ ခရီးသာရှိသည်။

နေအိမ်ကြီးမှာ စတီဖင်ဟောကင်းအတွက် အထူးရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ အိမ်အဝင်ပေါက်တွင် တပ်ဆင်ထားသော ဗွီဒီယိုလုံခြုံရေးစနစ်ကို တွန်းလှည်းထိုင်ခုံပေါ်မှတစ်ဆင့် ကြည့်ရှုဖွင့်လှစ်နိုင်သည်။

ညစာစားခန်းတွင် စတီဖင်ဟောကင်းက ဝက်သစ်ချသားများခင်းပေးရန်တောင်းဆိုခဲ့ရာ ယနေ့တိုင်မူလအတိုင်း ရှိနေဆဲ ဖြစ်သည်။

ယခုနေအိမ်ကြီးတွင် နေထိုင်စဉ်ကာလအတွင်း စတီဖင်ဟောကင်းက စကြာဝဠာတွင်းနက်ကြီးများအကြောင်းနှင့် မဟာပေါက်ကွဲမှု သီအိုရီတို့ကို ရေးသားခဲ့ခြင်း ဖြစ်သည်။

ဧည့်ခန်းမှာ အလွန်ကျယ်ဝန်းလှပြီး၊ စတီဖင်ဟောကင်းလက်ထက်ကနှင့် မတူသည်မှာ မီးဖိုဆောင်သစ်တစ်ခု၊ ရေချိုးခန်းသစ် ၂ ခုတို့ ပါဝင်လာခြင်း ဖြစ်သည်။

လက်ရှိပိုင်ဆိုင်ထားသူမှာ ဂျရဲဒ် မိုးဒ်ဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယခုအခါတွင် ကျေးလက်ဒေသသို့ ပြောင်းရွှေ့ လို သောကြောင့် ပြန်လည်ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟောကင်း နေထိုင်ခဲ့ဖူးသော နေအိမ်ကြီး ပေါင် ၆ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟောကင်း နေထိုင်ခဲ့ဖူးသော နေအိမ်ကြီး ပေါင် ၆ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟောကင်း နေထိုင်ခဲ့ဖူးသော နေအိမ်ကြီး ပေါင် ၆ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟောကင်း နေထိုင်ခဲ့ဖူးသော နေအိမ်ကြီး ပေါင် ၆ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟောကင်း နေထိုင်ခဲ့ဖူးသော နေအိမ်ကြီး ပေါင် ၆ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service